Law Database | Mail | English Version

April 2016

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး H.E. Ms. Isabella Lovin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည်  UNRC ဌာနေညှိနှိုင်းရေးမှူး Ms. Renata Dessallien အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်  ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၉ ရက်

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည်  အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC  ဌာနေကိုယ်စားလှယ် Mr. Jurg Montani အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၉ ရက်

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည်  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Scot Marciel အား ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်၍သွားနေကြောင်း၊ ရေရှည်အကျိုးကိုကြည့်၍ အပြန်အလှန်နားလည်မှု၊ သည်းခံမှု၊ လေးစားယုံကြည်မှုများဖြင့် အားလုံးညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြစေလိုကြောင်း၊ ငြိမ်းချမ်းပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်ဆိုလျှင် အားလုံးအချင်းချင်း ညီညီညွတ်ညွတ် လုပ်ကိုင်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ နံနက် (၁၀) နာရီတွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ၂၀၁၆ ခုနှစ် ဧပြီလ  ၂၇ ရက်နေ့ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများ၊ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ကော်မရှင်အဖွဲ့ဝင်များနှင့်အတူ ပြည်တွင်းသတင်းဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပ သတင်းဌာနများနှင့် သတင်းစာ၊ ဂျာနယ်များမှ အယ်ဒီတာ နှင့် သတင်းထောက်များအား ၂၀၁၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် လွှတ်တော်ဝန်းအတွင်းရှိ ရေးရာဆောင် အမှတ် (၁) အစည်းအဝေး ခန်းမ၌ တွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ရုံး စာကြည့်တိုက်သို့ စာအုပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် စာကြည့်တိုက်၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဖွင့်အမှာ စကားပြောကြားပြီး အလှူရှင် ဗိုလ်မှူးကြီးခင်မောင်ထွန်း(ငြိမ်း) က စာအုပ်လှူဒါန်းရသည့် အကြောင်းအရင်းကို ရှင်းလင်းပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ စပိန်နိုင်ငံသံရုံးယာယီ တာဝန်ခံ Mr. Alberto Cerezo Sobrino အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ခုနှစ် ဧပြီလ၂၂ ရက်

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျော်ဂျီယာနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr.Levan Machavariani အား ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် ဧပြီလ ၂၂ ရက်

 

Pages