Law Database | Mail | English Version

March 2016

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်သည် ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Oliver RICHARD အားလည်းကောင်း၊ မွန်းလွဲ ၂ နာရီအချိန်တွင် တူရကီနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Murat Yavuz Ates အားလည်းကောင်း ပြည်သူ့လွှတ်တော်ရှိ ကော်မတီရေးရာဆောင် အဆောင်အမှတ်(I-5) ဧည့်ခန်းမ၌ အသီးသီးလက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ရုံးမှ ၂၀၁၆ ခုနှစ် မတ်လ ၇ ရက်ရက်စွဲပါ  အမိန့်ကြော်ငြာစာအမှတ် (၃၉/၂၀၁၆) ကို ထုတ်ပြန်ပြီး ကော်မတီဝင်များ အစားထိုးဖွဲ့စည်းကြောင်း ကြေညာလိုက်သည်။

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီ၏အမည် အား ပြည်သူ့လွှတ်တော်ရုံး၏ ၂၀၁၆ ခုနှစ် မတ်လ ၇ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၈/၂၀၁၆)ထုတ်ပြန်၍ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီ ဟု ပြင်ဆင် သတ်မှတ်လိုက်သည်။

အဆိုပါ ကော်မတီကို ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး (၆) ရက်မြောက်နေ့ (၁၇.၂.၂၀၁၆) ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန် သော လွှတ်တော်ကိုယ်စားလှယ်လမ်းညွှန်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လက်စွဲစာအုပ်များ အောက်ပါ Links များတွင် ရယူလေ့လာနိုင်ပါသည်။

 

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်

 

လွှတ်တော်ကိုယ်စားလှယ်လမ်းညွှန်စာအုပ်

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လက်စွဲစာအုပ်

 

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စုစုလွင် သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr. Gautam Mukhopadhaya အား ၂၀၁၆ ခုနှစ် မတ်လ ၄ ရက်နေ့ ညနေ (၁၅း၀၀) နာရီအချိန်တွင် ကော်မတီရေးရာဆောင် (I-5) ၌  လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ အဖွဲ့ဝင် ဦးဇော်သိန်း တို့ တက်ရောက်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စုစုလွင် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး H.E.Mr. Mark McDowell အား ၂၀၁၆ခုနှစ် မတ်လ ၄ ရက်နေ့ နေ့လည် (၁၄း၀၀) နာရီအချိန်တွင် ကော်မတီ ရေးရာဆောင် (I-5) ၌  လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌနှင့်အတူ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ အဖွဲ့ဝင် ဦးဇော်သိန်းတို့ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်အချင်ချင်း အတွေ့အကြုံဖလှယ်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် UNICEF မှ ဌာနေကိုယ်စားလှယ် Mr. Bertrand Bainvel အား ၂၀၁၆ ခုနှစ် မတ်လ ၄ ရက်နေ့ ညနေ (၃း၀၀)နာရီတွင်  နေပြည်တော်ရှိလွှတ်တော်အဆောက် အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၆ ခုနှစ် မတ်လ ၄ ရက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Andrew Patrick အား ၂၀၁၆ ခုနှစ် မတ်လ ၄ ရက်နေ့ မွန်းလွဲ (၂း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် မတ်လ ၄ ရက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး H.E.Mr. Mark McDowell အား ၂၀၁၆ ခုနှစ် မတ်လ ၄ ရက်နေ့ မွန်းလွဲ (၁း၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် မတ်လ ၄ ရက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Derek Mitchell အား ယနေ့  ညနေ ၃ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့်  ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် မတ်လ ၁ ရက်

 

 

 

Pages