Law Database | Mail | English Version

March 2016

ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် The World Bank မှ Dr. Dejan OstoJic ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် (၁၁း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်း အဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင် သည် ဂျပန်-မြန်မာ လွှတ်တော်အမတ်များ ချစ်ကြည်ရေးအသင်း အမှုဆောင် ဒါရိုက်တာ ဦးဆောင်သော အဖွဲ့အား  ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ်  (I-13) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ယနေ့ကျင်းပသည့် သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့တွင်ပါဝင်သော ရွေးကောက်ခံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ဒုတိယနေ့အစီအစဉ် (၁၁.၃.၂၀၁၆) ရက်နေ့နံနက် ၁၀း၀၀ နာရီတွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်က အစည်းအဝေးကြီးကြပ်ကွပ်ကဲသူအဖြစ် လည်းကောင်း၊ ခေတ္တညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ လွှတ်တော်ရုံး) က အခမ်းအနားမှူးအဖြစ် လည်းကောင်းဆောင်ရွက်သည်။

ယနေ့ကျင်းပသော သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့တွင်ပါဝင်သော ရွေးကောက်ခံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့အစီအစဉ် (၁၀.၃.၂၀၁၆) ရက်နေ့တွင် ပြည်သူ့လွှတ်တော်က ဒုသမ္မတလောင်းများ အဖြစ် ဒေါက်တာစိုင်းမောက်ခမ်း (လားရှိုးမဲဆန္ဒနယ်)နှင့် ဦးထင်ကျော်တို့ကို အမည်စာရင်းတင်သွင်းခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတ အရည်အချင်းစိစစ်ရေးအဖွဲ့ ဖွဲ့စည်းရန် ရွေးကောက်ခံ ကိုယ်စားလှယ် တစ်ဦးကို ရွေးချယ်ရာ ဒေါက်တာမျိုးအောင် (ဒဂုံမြို့သစ် အရှေ့ပိုင်း မဲဆန္ဒနယ်)နှင့် ဦးသောင်းအေး (ပျော်ဘွယ် မဲဆန္ဒနယ်)တို့ကို အမည်စာရင်း တင်သွင်းခဲ့သည်။

ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌဦးခွန်မောင်သောင်းသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး   H.E.Ms. Ann Ollestad အား ယနေ့ညနေ (၃း၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက် အအုံ ရေးရာဆောင်အမှတ် (I-6) တွင် လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင်လက်ရှိ ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်   နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌဒေါ်စုစုလွင်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး  H.E.Ms. Ann Ollestad အား ယနေ့မွန်းလွဲ ၂ နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော် ကော်မတီရေးရာဆောင် အဆောင်အမှတ် (I-5)တွင် လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌနှင့် အတူ အတွင်းရေးမှူး ဦးဘိုဘိုဦးနှင့် အဖွဲ့ဝင်များ ဖြစ်ကြသော ဒေါ်နန်းမိုးနှင့် ဦးဦးထွန်းဝင်းတို့ တက်ရောက်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌဒေါ်စုစုလွင်သည် အမေရိကန် ပြည်ထောင်စု National Democratic Institute (NDI) မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr. Richard A.Nuccio နှင့် ကနေဒါနိုင်ငံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း Ms. Elizabeth Weir တို့အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ကော်မတီရေးရာဆောင် အဆောင်အမှတ် (I-5) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ တူရကီနိုင်ငံသံအမတ်ကြီး H.E.Mr. Murat Yavuz Ates အား ယနေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော် ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် မတ်လ ၈ ရက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E.Mr. K.W.N.D.Karunaratne အား ယနေ့ ညနေ ၃ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် မတ်လ  ၈ ရက်

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Oliver RICHARD အား ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် မတ်လ  ၈ ရက်

 

Pages