Law Database | Mail | English Version

March 2016

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် သည် မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံရုံးမှ ဒုတိယသံရုံးအကြီးအကဲ/သံမှူးကြီးဖြစ်သူ Mr. KOH CHEE CHIAN အား ယနေ့ နံနက် ၉ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ရေးရာဆောင်အမှတ်(I-2) ဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီသို့ ဂျပန်-မြန်မာ လွှတ်တော်အမတ်များ ချစ်ကြည်ရေး အသင်းညွှန်ကြားချက်ဖြင့် မြန်မာနိုင်ငံသို့ အကူအညီပေးရေး ကိစ္စရပ်များနှင့် စပ် လျဉ်း၍လာရောက်ခဲ့သော ဂျပန်နိုင်ငံအခြေစိုက် အာရှဒေသပတ်ဝန်းကျင် ကောင်းမွန်ရေး နည်းပညာ ပြန့်ပွားမှုအဖွဲ့၏ အမှုဆောင် ဒါရိုက်တာ  Mr. Akio Kawakami ဦးဆောင်သောအဖွဲ့အား ယနေ့ညနေ ၄ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ရေးရာဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဒေါ်စုစုလွင်(ကိုယ်စား) အတွင်းရေးမှူး ဦးဘိုဘိုဦးမှ လက်ခံတွေ့ဆုံခဲ့သည်။    

ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင် သည် ဂျပန်-မြန်မာ လွှတ်တော်အမတ်များ ချစ်ကြည်ရေးအသင်း ညွှန်ကြားချက်ဖြင့် မြန်မာနိုင်ငံသို့ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အကူအညီပေးရန် လာရောက် လျက်ရှိသော အာရှဒေသပတ်ဝန်းကျင် ကောင်းမွန်ရေး နည်းပညာပြန့်ပွားမှုအဖွဲ့နှင့် ဂျပန်နိုင်ငံ Kawahara Gakuen Educational Coporation ၏ ဒါရိုက်တာချုပ် ဖြစ်သူ Mr.Seiki Kawahara  ဦးဆောင်သောအဖွဲ့အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ်  (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် ဂျပန်-မြန်မာ လွှတ်တော်အမတ်များ ချစ်ကြည်ရေးအသင်းညွှန်ကြား ချက်ဖြင့် မြန်မာနိုင်ငံသို့ အကူအညီပေးရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လာရောက်ခဲ့သော ဂျပန်နိုင်ငံအခြေစိုက် အာရှဒေသပတ်ဝန်းကျင် ကောင်းမွန်ရေး နည်းပညာ ပြန့်ပွားမှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ  Mr. Akio Kawakami ဦးဆောင်သော အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (၉) ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် ဗြိတိန်နိုင်ငံအခြေစိုက်  Westminister Foundation For Democracy (WFD) မှ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူMr. Devin O’ Shaun ghneesy ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ရေးရာဆောင် အမှတ် (၁) အစည်းအဝေး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ် ပါတီ၏ အပြည်ပြည်ဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စရောင်ဟွေဟွာ ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး၊ လွှတ်တော်အချင်းချင်း ချစ်ကြည်ရေး၊  စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် အပြန်အလှန်နားလည်မှုရှိစွာဖြင့် ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ ပူးပေါင်းဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Roland Kobia အား ၂၀၁၆ ခုနှစ် မတ်လ ၁၈ ရက်နေ့ ညနေ(၃း၀၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ် မတ်လ ၁၈ ရက်

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E.Mr. Tateshi HIGUCHI အား ၂၀၁၆ ခုနှစ် မတ်လ ၁၈ ရက်နေ့ မွန်းလွဲ (၂း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၁၆ ခုနှစ် မတ်လ ၁၈ ရက်

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ အတွင်းရေးမှူး ဦးဘိုဘိုဦး သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ အပြည်ပြည်ဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စရောင်ဟွေဟွာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား ၂၀၁၆ ခုနှစ် မတ်လ ၁၈ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ၊ လွှတ်တော်အဆောက်အအုံ၊ ရေးရာဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ရုံးမှ ၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့ပါ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၄၂/၂၀၁၆) ထုတ်ပြန်၍ လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ ကို ဖွဲ့စည်းလိုက်သည်။

ယင်းအဖွဲ့ကို ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၂၊ ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၈ နှင့်အညီ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၅) ဦး နှင့် လွှတ်တော်ရုံးများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ခေတ္တညွှန်ကြားရေးမှူးချုပ် (၃) ဦး စုစုပေါင်း အဖွဲ့ဝင် (၈) ဦးပါရှိသည် -

Pages