Law Database | Mail | English Version

January 2016

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ပြည်တွင်း သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများနှင့် ပြည်တွင်းသတင်းစာ၊ ဂျာနယ် များမှ အယ်ဒီတာနှင့် သတင်းထောက်များ အား ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်နေ့ ညနေ (၃း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် မီဒီယာခန်း၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော် နာယကသည် သတင်းမီဒီယာများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့သည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကျင်းပသော ပထမအကြိမ်ပြည်သူ့လွှတ်တော်၊ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၀)ရက်မြောက်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များထံသို့ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးစီးကြောင်း နှုတ်ခွန်းဆက်အမှာ စကား ပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြားသည့် နှုတ်ဆက်အမှာစကား

ပြည်ထောင်စုလွှတ်တော်နာယကပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ၂၈ ရက် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင်နေပြည်တော်ရှိပြည်သူ့လွှတ်တော်ဧည့်ခန်းမ ၌ ပြုလုပ်သည့် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာသို့ အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနား တက်ရောက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်စွဲပါစာဖြင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ကျင်းပရန် ခေါ်ယူထားသည့် ဒုတိယအကြိမ် လွှတ်တော်ဆိုင်ရာလုပ်ငန်းများကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရန် အဖွဲ့ဝင် (၄) ဦး ပါဝင်သော“ လွှတ်တော်ရေးရာဦးဆောင်ကော်မတီ” ကို ဖွဲ့စည်းခဲ့သည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်

မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union) အစည်းအဝေး (၁/၂၀၁၆) ကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက်နေ့ နံနက် (၈း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ချီလီနိုင်ငံသမ္မတဟောင်း မစ္စတာ ရီကာဒိုလားဂိုစ့် ခေါင်းဆောင်သော ကမ္ဘာ့ခေါင်းဆောင်များ မဟာမိတ်အဖွဲ့ (Madrid) အား ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် (၉) နာရီ တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသမ္မတ နိုင်ငံ သံအမတ်ကြီး H.E. Mr. Gautam Mukhopadhaya အား ယနေ့ နံနက် (၁၁)နာရီ (၁၅) မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံ ရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၆ ခုနှစ်  ဇန်နဝါရီ ၂၂ ရက်

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကိုယ်စား ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးသည်သြစတြီးယားနိုင်ငံမှ Four Paws International ၏ ဥက္ကဋ္ဌနှင့်အမှုဆောင်အရာရှိချုပ်ဖြစ် သူMr. Helmut Dunglerနှင့်အဖွဲ့အား ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ညနေ  (၁၆း၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Lee Baek-Soon အား ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးစံရွှေအောင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက် (၈း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Pages