Law Database | Mail | English Version

December 2015

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား အာဆီယံအင်ဂျင် နီယာအသင်းများ အဖွဲ့ချုပ် ( ASEAN Federation of Engineering Organisations - AFEO )က ချီးမြှင့်သော AFEO Distinguished Honorary Fellow 2015 ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ချီးမြှင့်ပေး အပ်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ  ၁၇ရက် နေ့ နံနက် (၀၈း၃၀)နာရီချိန်တွင် နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိဆောင်၌ ကျင်းပခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသား လွှတ်တော်၊ အမျိုးသားကာကွယ်ရေးကော်မတီ အဖွဲ့ဝင် ရေတပ်ဗိုလ်ချုပ်ကြီး (ငြိမ်း)   Hon.Mr.KIM Sung Chan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကိုယ်စား၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် အင်ဒိုနီးရှား အထက်လွှတ်တော်၊ နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ Mr. Iqbal Parewan gi ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာလွှတ်တော်များ၏ ဆောင်ရွက်ချက်များ၊ လွှတ်တော်ရေးရာ ကိစ္စရပ်များနှင့် ပညာရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် The International Bar Association’s Human Right Institute (IBAHRI) မှ ဥပဒေပညာရှင်များဖြစ်ကြသော Ms.Shirley Pouget နှင့်အဖွဲ့အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက် ညနေ (၁၆း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်အမှတ်( I-2) အစည်းအဝေးဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက် နေ့ ညနေ ၅ နာရီ အချိန်တွင် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနမှူးရုံး၌ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား တွေ့ဆုံအမှာ စကားပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Lee Baek-soon အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့(၁၄း၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I- 1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် လွှတ်တော်ရေးရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်

 

 

မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union) အစည်းအဝေး(၃/၂၀၁၅) ကို၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် မွန်းလွဲ (၁)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ဆိုင်ရာ အဆောက်အအုံ၊ဇမ္ဗူသီရိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများ ခေါ်ယူကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက် နံနက် (၈:၃၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ဇမ္ဗူသီရိဆောင်အစည်းအဝေး ခန်းမ၌ကျင်းပခဲ့ သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် သီရိလင်္ကာနိုင်ငံသမ္မတဟောင်း၊ကမ္ဘာ့ခေါင်းဆောင် များမဟာမိတ်အဖွဲ့ Madrid ၏ တင်းပြည့်အဖွဲ့ဝင် H.E.Mrs. Chandrika Kumaratunga ဦးဆောင် သည့် Madrid အဖွဲ့နှင့် IDEA ကိုယ်စားလှယ်အဖွဲ့တို့အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် (၀၉း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ပြည်သူ့လွှတ်တော်နှင့် ဆက်စပ်လျက်ရှိသော သတင်းများကို အများပြည်သူ လွယ်ကူမှန်ကန်စွာ သိရှိနိုင်ရန်အတွက် ပြည်သူ့လွှတ်တော်ရုံးမှ Social Media တစ်ခုဖြစ်သည့် Facebook page ကိုအသုံးပြု၍ ထုတ်လွှင့်ပေးလျက်ရှိပါသည်။

ယခုအခါ ပြည်သူ့လွှတ်တော်အမည်ခံ၍ အခြား Facebook page များမှ သတင်းများထုတ်လွှင့်လျက်ရှိနေသည်ကို တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ရုံးမှ တရားဝင် အသုံးပြုလျက်ရှိသော Pyithuhluttaw Facebook Page ၏ link အမှန်သည် =>https://www.facebook.com/pyithuhluttaw.gov.mm ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

Pages