Law Database | Mail | English Version

November 2015

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပါကစ္စတန်နိုင်ငံ၊အမျိုးသားစီမံ ခန့်ခွဲမှုကောလိပ်၊အမျိုးသား စီမံခန့်ခွဲမှုသင်တန်းမှ အဆင့်မြင့်အရာရှိ သင်တန်းသားများ အား ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် နံနက်၁၀း၃၀နာရီ အချိန်တွင်နေပြည်တော်ရှိ လွှတ်တော်အဆောက်အ အုံရေးရာဆောင် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံလွှတ်တော်များ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP နှင့် လွှတ်တော်များဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေး ပူးပေါင်းအဖွဲ့ JCC တို့ တွေ့ဆုံဆွေးနွေးပွဲ ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် မွန်းလွဲ(၁) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌  တွေ့ဆုံဆွေးနွေးသည်။

ပြည်သူ့လွှတ်တော် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဆွေသည် ပထမ အကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန် အစည်းအဝေးသို့ လာရောက်လေ့လာသည့်  Phoenix Association မှ ဦးသီဟကြိုင် ဦးဆောင်သည့် လူငယ်အဖွဲ့အား ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၈ရက် နေ့လည် ၁၂း၃၀ နာရီတွင် ပြည်သူ့လွှတ်တော်ဝင်း အတွင်းရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-4) ၌ လက်ခံ တွေ့ဆုံခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဥရောပသမဂ္ဂသံအမတ်ကြီး H.E.Mr.Roland Kobia  အား ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် နံနက် ၀၉း၅၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံ ရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Hong Liang အား ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၈ ရက် နံနက် ၀၉း၀၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ထွန်း၊ ဒေါ်အေးအေးမူနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်

လွှတ်တော်အသီးသီး၏ (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးများတွင် ဦးစားပေးဆောင်ရွက်ရမည့် ဥပဒေကြမ်းများ နှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက် ညနေ (၃) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲယ်အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်

၂၀၁၅ ခုနှစ် လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။