Law Database | Mail | English Version

September 2015

ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာပါလီမန်အဖွဲ့က ပေးပို့သော “ဒီမိုကရေစီအတွက် ပြည်သူပါဝင်ခြင်း” ဆိုသည့်ခေါင်းစဉ်မှာ အုတ်မြစ်ခိုင်မာရေးကို ရည်ရွယ်ဟန်ရှိပေသည်။ အကြောင်းမူ ဒီမိုကရေစီစနစ် ဆိုသည် မှာ ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြစ်သောကြောင့် ပြည်သူလူထုသာ အခြေခံအုတ်မြစ်ဖြစ်သည်။

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခါသမယတွင် မြန်မာနိုင်ငံ ပြည်သူပြည်သားများအားလုံး ဒီမိုကရေစီ၏ အနှစ်သာရ အသီးအပွင့်များကို အပြည့်အဝရရှိခံစားနိုင်ကြပါစေကြောင်း ဦးစွာပထမဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။

၂၀၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ယနေ့မွန်းလွဲ      (၁) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ ကျင်းပသည်။ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိမ်း၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊  ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သည် ကမ္ဘာ့ခေါင်းဆောင်များ မဟာမိတ်အဖွဲ့ မက်ဒရစ်၏ အဖွဲ့ဝင် များ ဖြစ်ကြသော သြစတြီးယား အဓိပတိဟောင်း မစ္စတာ အဲဖရက်ဂူဆန်ဘာ နှင့် ဘူတန် ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဂျင်မီရိုဆာသင်လေး တို့ ဦးဆောင်သည့် အဖွဲ့အား ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် (၁၁း၃၀) နာရီ အချိန်တွင် နေပြည်တော်ရှိ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်စား၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် IDEA (ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ ဆိုင်ရာ အကူအညီပေးရေး နိုင်ငံတကာ အဖွဲ့အစည်း)၊ အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ မစ်ရှင်အကြီးအမှူး မစ္စတာ ဟောဟေ ဘာယာဒါးရ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ နံနက် (၁၀း၁၅) နာရီ အချိန်တွင်  နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ အဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံပါသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲယ် အား ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ နံနက် (၉း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၄ ရက်

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေး ခန်းမ၌ ကျင်းပသည့် လွှတ်တော်များ အရည်အသွေး မြှင့်တင်ရေး ဆိုင်ရာ အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဘန်ကောက်မြို့ အခြေစိုက် မြန်မာနိုင်ငံ ဆိုင်ရာ ကျူးဘားနိုင်ငံ သံအမတ်ကြီး H.E.Mr. Victor Daniel Ramirez Pena အား ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ နံနက် (၉း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၃ ရက်

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီတွင် ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁  ရက်နေ့ နံနက် ၁၀ နာရီ အချိန်၌ လွှတ်တော် အဆောက်အအုံ၊ လွှတ်တော်ရေးရာဆောင် အမှတ် (I - 2)တွင် “ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ ကြမ်း” နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။

Pages