Law Database | Mail | English Version

September 2015

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ပြည်သူ့လွှတ်တော်၌ ဖွဲ့စည်းထားသည့် ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့ နယ်၊ အင်းယားလမ်း၊ အမှတ် (၅၉) ရှိ လွှတ်တော်ရုံးခွဲ (ရန်ကုန်) ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအ၀ည်းအထိ ကျင်းပခဲ့သည့် အစည်းအဝေးရက် စုစုပေါင်းနှင့်

မေးခွန်းများ မေးမြန်း-ဖြေကြား ပြီးစီးမှု အခြေအနေ

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ ကျင်းပခဲ့သည့် အစည်းအဝေးရက်ပေါင်းကို လည်းကောင်း၊ ကြယ်ပွင့်ပြ၊ ကြယ်ပွင့်မပြ မေးခွန်းများ မေးမြန်းဖြေကြားမှု အခြေအနေများကို လည်းကောင်း အများပြည်သူများ သိရှိနိုင်ရန် ထုတ်ပြန်ကြေညာလိုက်သည်။

ဧရာဝတီတိုင်းဒေသကြီး ဓမ္မာရုံထိန်းသိမ်းစောင့်‌ရှောက်ရေး အကျိုးတော်ဆောင် အဖွဲ့နှင့်‌ ဧရာဝတီ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသင်းများ (ရန်ကုန်)၏ (၁၆)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပူဇော်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် (၉း၃၀) နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ ဧရာဝတီတိုင်းဒေသကြီး ဓမ္မာရုံ၌ ကျင်းပသည်။

ဖြူးမြို့နယ်ခန်းမသစ်ကို အများပြည်သူ အကျိုးရှိစွာ အသုံးပြုရေးနှင့်‌ မွမ်းမံထိန်းသိမ်းရေး ကိစ္စနှင့် မြို့နယ်ပညာရေး မြှင့်‌တင်မှု လုပ်ငန်းများအတွက် ဒေသပညာရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် (၉း၀၀) နာရီတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ရှိ အဆိုပါခန်းမသစ်၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာစကား ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာ ကြသည့် စင်ကာပူနိုင်ငံ National University of Singapore မှ Master of Business Administration (MBA) ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ မီနိုရူ ကီယုချီ နှင့် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ယိုဟဲ ဆာဆာကာဝါ ဦးဆောင်သော ဂျပန် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီ ချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ပြည်ထောင်စုလွှတ်တော်ရုံးနှင့် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ ပူးပေါင်းစီစဉ် ကျင်းပသည့် လွှတ်တော်ကော်မတီများ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ (Hluttaw Committees Development Workshop Series) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေး ခန်းမကြီး၌ ကျင်းပသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E.Mr. Pier Giorgio ALIBERTI အား ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် (၉း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူ နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက်

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဒီမိုကရေစီနေ့ အထိမ်းအမှတ်စာတမ်းအား ဖတ်ကြားတင်ပြသွားမှာ ဖြစ်ပါတယ်။

ယနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။

 လေးစားရပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးနှင့် ဒီမိုကရေစီရဲ့ မိတ်ဆွေရှင်

ပြည်ထောင်စုလွှတ်တော်ကြီးမှာ ပဉ္စမအကြိမ်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စား၊ တက်ရောက်ပြောဆိုခွင့်ရတဲ့အတွက် ဝမ်းမြောက်ဂုဏ် ယူပါတယ်။

 နိုင်ငံတကာပါလီမန်များဆိုင်ရာသမဂ္ဂ (Inter-Parliamentary Union) က၊ ကမကထပြုပြီး၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွေ ကျင်းပခြင်းဟာ၊ ဒီမိုကရေစီစနစ်ဖော်ဆောင်ရာ၌ လွှတ်တော်များရဲ့ အခန်းကဏ္ဍအရေးပါပုံကို အသိအမှတ်ပြုခြင်း ပဲဖြစ်ပါတယ်။

Pages