Law Database | Mail | English Version

August 2015

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ရုံးအရာထမ်းများ အသုံးပြုရန် ဆောင်ရွက်ထားရှိသော Mail Sever ကို New Generation Wave အမည်ရှိ Hacker အဖွဲ့မှ ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့တွင် ဥပဒေမဲ့ ဖောက်ထွင်းဝင်ရောက်ခဲ့သည်။  

အဆိုပါ ဖောက်ထွင်းဝင်ရောက်ခဲ့မှုကြောင့်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မေးလ်များ နှင့် အရာထမ်းဝန်ထမ်းများ၏ Mail များ ဝင်ရောက်နှောင့်ယှက်ခြင်း ခံခဲ့ရမှုများကြုံတွေ့ခဲ့ရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံအမတ် ကြီးH.E.Mr.Gautam Mukhopadhaya အား ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၇ ရက် နံနက် ၁၁ နာရီခွဲ တွင်နေပြည်တော်ရှိလွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထို့သို့တွေ့ဆုံရာတွင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့်ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်

၂၀၁၅ ခုနှစ် သြဂုတ်လ ၂၈ ရက်

ယနေ့ကျင်းပသော ပထမ အကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်သို့ အမှာစကား ပြောကြားခဲ့သည်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၅ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေဇေယျာသီရိမြို့နယ်၊ မအူတောအုပ်စု၊ စိမ်းစားပင်ကျေး ရွာ အောင်မြေဘုံရတနာကျောင်းတိုက် အတွင်းရှိ အောင်ဇေယျာရာမဓမ္မဗိမာန်တော်ကြီး၌ ဒေသ ခံ ပြည်သူများအား တွေ့ဆုံအမှာ စကားပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ အောင်တော်မူ ပိဋကတ်တိုက်အတွင်း ဆောက် လုပ်ပြီးစီးသွားသည့် အောင်တော်မူခန်းမ သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်ပြီး ဒေသ ခံပြည်သူများအား ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးမှာကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဥရောပသမဂ္ဂ သံအမတ်ကြီး  H.E. Mr. Roland Kobia အား ၂၀၁၅ ခုနှစ် သြဂုတ်လ (၂၁)ရက်နေ့ နံနက် (၀၉း၀၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံ ပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်စား၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး သည် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့အခြေစိုက် Wilson International Center for Scholars မှ ပြင်သစ်နိုင်ငံသားအဖွဲ့ဝင် တစ်ဦးဖြစ်သည့် Dr. Renaud Egreteau အား သြဂုတ်လ (၁၉) ရက်နေ့ နံနက် (၈:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်၊ အဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နေပြည်တော်  သြဂုတ်လ  ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပသည့် မြန်မာနိုင်ငံ တစ်ဝန်းဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှု များကြောင့် ရေဘေးသင့် ပြည်သူများ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် အလှူငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်း ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီသို့ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင်  နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (၆) သို့ “ဝ” အထူးဒေသ (၂) မှ လှူဒါန်းငွေ  ကျပ်သိန်း (၆၀၀) ကို ဗဟိုကော်မတီဝင် ဦးအောင်မြင့်နှင့် မိုင်းလားအထူးဒေသ (၄) မှ လှူဒါန်းငွေ ကျပ်သိန်း (၆၀၀)ကို ရန်ကုန်ရုံးတာဝန်ခံ ဦးကျော်ကျော်အောင်တို့က မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ပြီး ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအ မတ်ကြီးH.E.Mr. HONG Liangအား၂၀၁၅ခုနှစ်သြဂုတ်လ၁၀ရက်နေ့နံနက်၉နာရီတွင်နေပြည်တော် ရှိလွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးခင်မောင်တင်နှင့် ဒေါ်အေးအေးမူ၊ ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Pages