Law Database | Mail | English Version

April 2015

ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းသည် သြစတြေးလျ တက္ကသိုလ်နှင့် အင်္ဂလန်တက္ကသိုလ် အသီးသီးမှ  ကျောင်းသား/ကျောင်းသူများအား ၂၀၁၅ ခုနှစ် ဧပြီလ ၃ ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (၁၁) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်ဆိုင်ရာ စိစစ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာသည် The World Bank မှ Mr.In go Wiederhofer ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် ဧပြီလ ၃ ရက်နေ့ နံနက် (၁၁း၀၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ်(၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E.Mr.Joan Boer ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ခုနှစ် ဧပြီလ ၂ ရက်နေ့ (၀၈း၃၀) နာရီ အချိန်တွင်လည်းကောင်း၊ ပြင်သစ်သုတေသီနှင့် အရှေ့တောင်အာရှ လေ့လာရေးဌာနတွင် ဧည့်သုတေသီအဖြစ် ဆောင်ရွက်နေသော ပြင်သစ် လူမျိုး Dr.Renaud Egreteau ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ညနေ (၁၆း၀၀) နာရီ အချိန်တွင်လည်းကောင်း နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ အဆောင်အမှတ် (I-1) ၌ အသီးသီး လက်ခံတွေ့ဆုံခဲ့ပါသည်။

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်  ဦးခင်မောင်ဦးသည် ၂၀၁၅ ခုနှစ် ဧပြီလ ၂ရက်နေ့ နံနက် (၀၉း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ (I-8) ၌ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပထမအတွင်းဝန် Mr. Andreas Magnusson အား လက်ခံတွေ့ဆုံခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန်နိုင်ငံ ကွန်ဂရက်လူနည်းစု ခေါင်းဆောင် အောက်လွှတ်တော်အမတ် မစ္စနန်စီပီလိုစီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့ ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေသည် Heineken ကုမ္ပဏီအဖွဲ့နှင့် Vriens & Partners (မြန်မာပြည်ရုံးခွဲ) မှ Ms.Zita Schelleken ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့ မွန်းလွဲ (၁၂း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ တိုင်းရင်းသားပါတီများ အပါအဝင် နိုင်ငံရေးပါတီများမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက် မွန်းလွဲပိုင်းတွင်  နေပြည်တော်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ရာ မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်မြို့သို့  ညနေ(၄) နာရီ (၄၅)မိနစ်တွင်ရောက်ရှိခဲ့ကြသည်။

ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာကျော်မြင့်သည်    UNAIDS အဖွဲ့မှ Mr. Eamonn Murphy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အမေရိကန်ကွန်ဂရက် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက် မွန်းလွဲ (၁း၃၀) နာရီ အချိန်တွင် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ရေးရာဆောင် အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့သည်။

အမျိုးသားပညာရေး ဥပဒေကြမ်းနှင့် ပက်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၅ ခုနှစ် မတ်လ ၃၀ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ် တွင်  နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် C ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

Pages