Law Database | Mail | English Version

April 2015

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်ကျိုးပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး မစ္စတာ ဟူချန်ဟွား နှင့် ၂၀၁၅ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ်တွင် ကွမ်ကျိုးပြည်နယ်အစိုးရအိမ်တော်၊ဧည့်ခန်းမ၌ တွေ့ ဆုံဆွေးနွေးသည်။

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသောဦးစိုးသာ၊ သူရဦးအေးမြင့်၊ ဦးသိန်းဇော်နှင့် ဦးတီခွန်မြတ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများနှင့်အတူ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၁၅ မိနစ်တွင် ရောက်ရှိကြသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ် အား ယနေ့မွန်းလွဲ ၂ နာရီခွဲ တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ အမှတ်(၅၉)ရှိ လွှတ်တော်ရုံးခွဲ(ရန်ကုန်) ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဧပြီလ ၂၄ ရက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ယနေ့ နံနက်(၉)နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာစက်မှုမြို့ ကနောင်ခန်းမ၌ လှိုင်သာယာစက်မှုဇုန်မှ အလုပ်ရှင်၊ အလုပ်သမားများအား တွေ့ဆုံအမှာစကားပြောကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr, Yang Houlan အား ၂၀၁၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့ ညနေ ၃ နာရီတွင် ရန်ကုန်မြို့၊ အင်းယားလမ်း၊ အမှတ် (၅၉) ရှိ လွှတ်တော်ရုံးခွဲ (ရန်ကုန်) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဧပြီလ ၂၄ ရက်

၁၃၇၇ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ၂၀၁၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ မုခ်ဦးဆောင်၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ နေပြည်တော်ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်သြဝါဒါစရိယ-အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္တ၀ါစကပဏ္ဍိတ၊ ဂဏမဟာ ၀ိနာယကသကျသီဟ သာသနဟိတ ၀ုဏ၀ိသိဋ္ဌသာသနဓဇ၊ သိရိပ၀ရ ဓမ္မာစရိယ ဘဒ်ဒန်တက၀ိသာရ အမှူးပြုသော သံဃာတော်အရှင်မြတ်တို့ ကြွရောက်ခဲ့ကြသည်။

ပြည်သူ့လွှတ်တော် စာကြည့်တိုက်သို့ စာအုပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ် ဧပြီလ ၇ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် စာကြည့်တိုက်၌ ကျင်းပရာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အလှူရှင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ စာကြည့်တိုက်တည်ထောင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစိုးရင်က အဖွင့်အမှာစကား ပြောကြားပြီး အလှူရှင် ဗိုလ်မှူးကြီး ခင်မောင်ထွန်း (အငြိမ်းစား) က စာအုပ်လှူဒါန်းရသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် ဧပြီလ ၆ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသိရီဆောင် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း က နိုင်ငံတော်နှင့်နိုင်ငံသား အကျိုးစီးပွားအတွက် ပါတီစွဲ၊ ၀ါဒစွဲမထားရှိဘဲ ပူးပေါင်းပါဝင် ဆောင်ရွက်ရေး၊ ကျန်ရှိသော လွှတ်တော်သက်တမ်းအတွင်း လွှတ်တော်လုပ်ငန်းရပ်များတွင် တက်ကြွစွာပါဝင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ဇနီးဒေါ်ခင်လေးသက်နှင့် အလှူရှင်တို့က နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိ မြို့နယ်အတွင်းရှိ ပြည်သူများ၏ သားလှရတနာ ရှင်သာမဏေလောင်း (၅၇၇) ပါးတို့အား ရှစ်ပါးပရိက္ခရာ စုံလင်စွာဖြင့် မြတ်ဗုဒ္ဓ၏ သာသနာတော်အတွင်း ပဗ္ဗဇ္ဇအမွေ ရှင်သာမဏေအဖြစ် သွတ်သွင်းချီးမြှောက်ခြင်း စုပေါင်းရှင်ပြုပွဲကို ဇေယျာသီရိမြို့နယ်အတွင်း ဧပြီလ (၃) ရက်နေ့မှ (၆) ရက်နေ့အထိ (၄) ရက်တိုင်တိုင် ကျင်းပလျက်ရှိသည်။

ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးရွှေမန်း၊ ဇနီးဒေါ်ခင်လေးသက်နှင့် အလှူရှင်တို့က နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်သူများ၏ သားလှရတနာ ရှင်သာမဏေလောင်း (၅၇၇) ပါးတို့အား ရှစ်ပါးပရိက္ခရာ စုံလင် စွာဖြင့် မြတ်ဗုဒ္ဓ၏ သာသနာတော်အတွင်း ပဗ္ဗဇ္ဇအမွေ ရှင်သာမဏေအဖြစ် သွတ်သွင်းချီးမြှောက်ခြင်း စုပေါင်းရှင်ပြုပွဲကို ဇေယျာသီရိမြို့နယ် အတွင်း ဧပြီလ (၃) ရက်နေ့မှ (၆) ရက်နေ့အထိ (၄) ရက်တိုင်တိုင် ကျင်းပလျက် ရှိသည်။

Pages