Law Database | Mail | English Version

February 2015

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ နိုင်ငံရေးရာဌာနအကြီးအကဲ ဒုတိယအတွင်းရေးမှူးချုပ် မစ္စတာဂျက်ဖရီဖဲလ်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက် နံနက် (၈)နာရီ (၁၅) မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ  ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးလွန်းသီသည် နော်ဝေနိုင်ငံ ရေနံနှင့် စွမ်းအင်ဝန်ကြီးဌာနမှ Mr.Ole-Jocob Edna ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက် ညနေ (၄) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံရေးရာဆောင် အမှတ်(၁၀) ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် HD Centre (Centre for Humanitarian Dialogue)၏ စင်ကာပူနိုင်ငံအခြေစိုက် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Michael Vatikiotis ဦးဆောင်သောအဖွဲ့အား ယနေ့နံနက် (၈)နာရီ (၁၅)မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂၄ ရက်

 

ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေ Heineken ကုမ္ပဏီအဖွဲ့မှ ပြင်ပပူးပေါင်းဆက်ဆံရေး ဆိုင်ရာ ညွှန်ကြားရေးမှူး Mr. John Clarke နှင့် အာရှပစိဖိတ်ဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Mark Campbell ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၁) နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်  နော်ဝေပါလီမန် စီးပွားရေးလုပ်ငန်းနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Mr.Geir Pollestad ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ  ၂၃ ရက်နေ့ ညနေ (၄)နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် Hanns Seidel Foundation မှ Chairwoman, Professor Ursula Mannle နှင့် ဂျာမနီနိုင်ငံ၊ ဘာဗေးရီးယန်းပြည်နယ် လွှတ်တော်ဥက္ကဌ Hon. Mrs. Barbara Stamm တို့အား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုးရင်သည် ဟောင်ကောင် တက္ကသိုလ် သုတေသန လက်ထောက်ပါမောက္ခဟောင်း၊ အရှေ့တောင်အာရှ လေ့လာရေးအဖွဲ့ (ISEAS) အဖွဲ့ဝင်ဖြစ်သူ ပြင်သစ်သုတေသန ပညာရှင် Dr. Renaud Egreteau အား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် နံနက် (၈း၃၀)နာရီတွင် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ရေးရာအဆောင်အမှတ် (I-4) တွင် လက်ခံတွေ့ဆုံသည်။

(၆၇)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ (၆) နာရီအချိန်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ (MICC-II) ၌ ကျင်းပရာ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင် မြင့်၊ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်သူ့ လွှတ်တော်နှင့်  အမျိုးသား လွှတ်တော်တို့မှ ကော်မတီ ဥက္ကဋ္ဌများ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များ၊  လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ၊ ချင်း တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြင်သစ် အမျိုးသား လွှတ်တော် ပြင်သစ်- မြန်မာချစ်ကြည်ရေး ကော်မတီဥက္ကဋ္ဌ မစ္စစ်မီရှဲလ်ဘွန်းန်တွန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ  ၁၉ ရက်နေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် Torrens University Australia ကျောင်းအုပ်ကြီး Dr. Michael Mann အား ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးရင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Pages