Law Database | Mail | English Version

January 2015

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်သည် ဗြိတိန် နိုင်ငံမှ Inter Mediate အဖွဲ့၏ အမှုဆောင်အရာရှိချုပ် Mr. Jonathan Powell ကိုယ်စား လှယ်အဖွဲ့အား ယနေ့နံနက် ( ၁၀: ၃၀ ) နာရီအချိန်တွင် နေပြည်တော် ရှိ လွှတ်တော် အဆောက်အဦ ပြည်သူ့လွှတ်တော် ကော်မတီဆောင် (I-6)၌ လက်ခံ တွေ့ဆုံပါသည်။

ပြည်ထောင်စုလွှတ်တော်နာယက က နိုင်ငံတော်သမ္မတဦးဆောင်သော ၆ ဦးအဖွဲ့ တွေ့ဆုံ ဆွေးနွေး ပွဲပြုလုပ်ရန်နှင့် အမျိုးသားပညာရေးဥပဒေပြန်လည် သုံးသပ်ရန် နိုင်ငံတော်သမ္မတထံသို့ ပေးပို့သည့် သဝဏ်လွှာများနှင့် စပ်လျဉ်း၍ အများပြည်သူများ သိရှိနိုင်ရန် (၂၂. ၁. ၂၀၁၅)ရက်စွဲပါ သတင်း ထုတ်ပြန်ချက် (၁/၂၀၁၅)နှင့် (၂/၂၀၁၅)တို့ ထုတ်ပြန်လိုက်သည်။

သဝဏ်လွှာ အပြည့်အစုံကို အောက်ပါ Link တွင် http://www.pyithuhluttaw.gov. mm/ download/ file/fid/4115 Download ရယူနိုင်ပါသည်။

 

 

 

 

ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်း သည် ကမ္ဘာ့ဘဏ်အဖွဲ့မှ Mr. Shabih Mohib ဦးဆောင်သော အဖွဲ့အား ၂၀၁၄ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် (၈း၃၀) အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ်(၁)၌ လက်ခံ တွေ့ဆုံပါသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (ကိုယ်စား) ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့သည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် (၇း၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ အဆောင်အမှတ် (၁) ဧည့်ခန်းမဆောင်တွင် ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ အကူ အညီပေးရေးနိုင်ငံတကာ အဖွဲ့ အ စည်း International Institute for Democracy and Electoral Assistance (IDEA) အဖွဲ့မှ အထွေထွေ အတွင်းရေးမှူးချုပ် Mr.Yves Leterme ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် (၀၈း၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (၁)

   

 ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကိုရီးယား သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာချွန်ယွီဟွာ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၅ခုနှစ်၊ ဇန်န၀ါရီလ ၁၉ ရက်နေ့ မွန်းလွဲ(၁၂)နာရီ (၁၅)မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်ဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ကြပါသည်။

 

   

 ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ဖိတ်ကြားချက်အရ  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ ချစ်ကြည်ရေးလည်ပတ်ရန် အတွက် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာ ချွန်ယွီဟွာ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ၁၈-၁-၂၀၁၅ ရက်နေ့နံနက် (၁၁)နာရီခွဲ တွင် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့်ရောက်ရှိလာကြသည်။

 

     

မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့(Myanmar Parliamentary Union) အစည်းအဝေးကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၁၈) ရက် မွန်းလွဲ (၂)နာရီတွင် နေပြည်တော် လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၊ ဒုတိယဥက္ကဋ္ဌ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အတွင်းရေးမှူး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာနှင့် အဖွဲ့ဝင်များ ဖြစ်ကြ သည့် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းနှင့် တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ များ အားလုံးတက်ရောက်ကြသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာမာတင်တလာပါ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်  ၂၀၁၅ ခုနှစ်၊  ဇန်နဝါရီလ  ၁၃ ရက်နေ့ ညနေ (၄) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်တွေ့ဆုံသည်။

Pages