Law Database | Mail | English Version

December 2014

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည်မြန်မာနိုင်ငံကင်းထောက် အမျိုးသမီးအဖွဲ့ ကင်းထောက်ချုပ် ဒေါ်တင်လှကြည်၊ ဒေါ်ခင်စောဥမ္မာ၊ ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံ အမျိုးသမီးကင်းထောက်အဖွဲ့ (ယာယီ) တို့နှင့်အတူ ဂျပန်နိုင်ငံ အိုဆာကာ ကင်းထောက်အမျိုးသမီး အဖွဲ့ခေါင်းဆောင် Ms.YOKO SHINKE ဦးဆောင်သော အဖွဲ့တို့အား ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ  ၂၉ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် (C) ဆောင် ဒုတိယဥက္ကဋ္ဌ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

မ‌ကွေးတိုင်းဒေသကြီး မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်တို့အတွင်းရှိ မြို့နယ်များမှ တောင်သူလယ်သမားကြီးများ စုစုပေါင်း (၆၀၀၀) ကျော် တက်ရောက်ကြသည့်‌ တောင်သူ လယ်သမားရေးရာ လူထုတွေ့ဆုံပွဲအခမ်းအနားကို ၂၀၁၄ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် (၈) နာရီခွဲတွင် မကွေးတိုင်းဒေသကြီး ပွင့်‌ဖြူမြို့ စန္ဒကူးနံ့သာ ကျောင်းတော်ရာ စေတီတော်ွမတ်ကြီးအနီးရှိ ကျောင်းတော်ရာကွင်း၌ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက် အမှာစကား ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ်ီထလာ ခရိုင်၊ မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်နှင့်‌ ရမည်းသင်းခရိုင်တို့အတွင်းရှိ မြို့နယ်များမှ တောင်သူ လယ်သမားကြီး များ စုစုပေါင်း ၅၃၀၀ ကျော် တက်ရောက်ကြသည့်‌ တောင်သူ လယ်သမားရေး ရာ လူထုတွေ့ဆုံပွဲ အခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် (၈) နာရီတွင် မန္တလေး တိုင်းဒေသကြီး စဥ့်ကိုင်မြို့ စံပြကျေးရွာကွင်း၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်အမှာစကား‌ပြောကြား ခဲ့ပြီးနောက်အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမောင်၊ ပြည်သူ့ လွှတ်တော်နှင့်‌ အမျိ

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်၊ အဖွဲ့ဝင်များနှင့်အတူ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက် ညပိုင်းတွင် မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုသည်။

ပြည်ထောင်စုလွှတ်တော်နာယကသည် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးတို့ဖြင့် ဆက်ကပ်ပူဇော်ပြီး ရွှေသင်္ကန်းဆက်ကပ် လှူဒါန်းသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ အဖွဲ့ဝင်များနှင့်အတူ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက် ညပိုင်းတွင် ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုသည်။

ပြည်ထောင်စုလွှတ်တော်နာယကသည် ရွှေမော်ဓောစေတီတော် အာရုံခံ တန်ဆောင်းအတွင်း ကိန်းဝပ်စံပ္ပာယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာ တို့ဖြင့် ဆက်ကပ်ပူဇော်ပြီး စေတီတော်အတွက် အလှူတော်ငွေများ ပေးအပ်လှူဒါန်းကာ ဧည့်သည်တော် မှတ်တမ်းစာအုပ်၌ လက်မှတ်ရေးထိုးသည်။

ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီနှင့်‌ ကမ္ဘာ့ဘဏ် တို့၏ နှစ်စဉ်ရသုံးမှန်းခြေ ရေးဆွဲဆောင်ရွက်ခြင်းအပေါ် စိစစ်သုံးသပ်ရမည့် လုပ်ငန်းများ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီခွဲတွင် လွှတ်တော်ရုံး ရုံးအမှတ်(၂၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Pages