Law Database | Mail | English Version

November 2014

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဒိန်းမတ် နိုင်ငံ၊ ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးရေး ဝန်ကြီး H. E. Mr. Mogens Jensen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီဆိုင်ရာ ၀န်ကြီး Mr. Nokolay P. Patrushev ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၇ ရက် ညနေ (၄)နာရီ (၁၅)မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေ နှင့် အဖွဲ့ဝင်များသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ရှိ (I-9) တွင် ဆက်သွယ်ရေး Operator ၃ ခု ဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ Telenor ၊ Ooredoo မှ တာဝန်ရှိသူများအား လက်ခံတွေ့ ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် အဆိုပါ Operator များ၏ ယနေ့ဆောင်ရွက်နေသော လုပ်ငန်းများနှင့် အနာဂတ်တွင် ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများအပြင် ပြည်သူများအတွက် ဆောင်ရွက်ပေးမည့် လူမှုရေးလုပ်ငန်း ကိစ္စများကိုလည်း ရှင်းလင်းတင်ပြပါသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နေပြည်တော် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၆  ရက် နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိခန်းမဆောင် အစည်းအဝေး ခန်းမ၌ ကျင်းပသည့် ကော်မတီ၊ ကော်မရှင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဖွင့်အမှာစကားပြောကြားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များကို ရှင်းလင်းတင်ပြကာ ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများက ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် (VOA) မြန်မာပိုင်း အစီအစဉ်ဌာနမှူး ဦးသန်းလွင်ထွန်းအား ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲ၌ ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက  အမေရိကန်အသံ (VOA) ၏ သိလိုသည်များအပေါ် အပေါ် ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ မေးမြန်း ဖြေကြားအပြည့်အစုံကို အောက်ပါ Link တွင် တွင်ရောက်ကြည့်ရှုနိုင်ပါသည်။

၂၀၁၄ခုနှစ်  နိုဝင်ဘာလ ၂၄ ရက်

ပြည်ထောင်စုလွှတ်တော်နာယက၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ၂၀၁၄ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့  နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီးသာစည်မြို့ မြို့နယ်ခန်းမ၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့သည်။

ပြည်သူ့လွှတ်တော်နှင့် ဂျာမန်ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ)တို့အကြား ဘဏ္ဍာရေး ဆိုင်ရာ ဥပဒေများအား အထောက်အကူပြုရေး နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းတည့် (၁၂)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ( C ) ဆောင်ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက အဖွင့်အမှာစကားပြောကြားပါသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း။          ။ အားလုံးပဲမတွေ့ရတာလည်း ကြာပြီဖြစ်ကြောင်း၊ မိမိနှင့် တွေ့ချင်တယ်၊ မေးချင်တယ်လို့ ပြောကြကြောင်း၊ အချိန်က မရဘဲ အလုပ်တွေ လည်း အလွန်များနေပါကြောင်း၊ ယနေ့တော့ အချိန် ဘယ်လောက်ပဲနည်းနည်း တွေ့မယ်ဆိုပြီး မိနစ် ၄၀ နှင့် ခုချိန်မှ စ၍ မေးနိုင်ပြီဖြစ်ကြောင်း။

၂၀၁၄ ခုနှစ်၊ နိုင်ဝင်ဘာလ ၁၈ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် နေပြည်တော်ပြည်သူလွှတ်တော်ရှိ (C)ဆောင် ဒုတိယထပ်၌ သတင်းမီဒီယာသမားများနှင့် တွေ့ဆုံပြီး သတင်းမီဒီယာသမားများ၏  မေးမြန်းချက်များ အပေါ် ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြောကြားချက်အပြည့်အစုံကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၏ ပြောကြားချက်

မေးမြန်းသူ

Pages