Law Database | Mail | English Version

October 2014

 ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဒိန်းမတ်နိုင်ငံသံအမတ်ကြီး H.E.Mr.Peter Lysholt Hansen အား ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲ (၁)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၂၆)ရက်မြောက်နေ့ကို ယနေ့ နံနက်၁၀ နာရီတွင်ကျင်းပ ခဲ့သည်။

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်း၏ ၃၀-၉-၂၀၁၄ ရက်နေ့တွင် မေးမြန်းခဲ့ သည့် နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်စေမည့် အနာဂတ်အစီအမံများ မည်သို့ချမှတ်ထားသည်နှင့်‌ အစီအမံများကို အကောင်အထည်ဖော်ရာတွင်စိန်ခေါ်မှုများကြုံတွေ့ ပါက မည်သည့်နည်းလမ်းဖြင့် ဆောင် ရွက်မည်ကို သိလိုခြင်းမေးခွန်းနှင့်‌ စပ်လျဉ်း၍လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူးဒေါက်တာ စိုးရင်က ရှင်းလင်း တင်ပြရာရှင်းလင်း တင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံExim Bankဥက္ကဋ္ဌ H.E.Mr. Li Ruogu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၄ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် (၈)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E.Mr.Roland Kobia အား ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၇ ရက် ညနေ (၄)နာရီ (၁၅)မိနစ် တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် ပထမပုံမှန် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့တွင် (၃၀-၉-၂၀၁၄)ရက်နေ့၌ တပ်မတော်သားပြည်သူလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင့်ဆန်းမှ မေးမြန်းခဲ့သော “နိုင်ငံတော်၏ မဏ္ဍိုင်ကြီး (၃)ခုဖြစ်သည့် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် တို့အနေနှင့် ကျန်ရှိနေသာ သက်တမ်းကာလအတွင်း၌ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဟန်ချက်ညီ ဆောင်ရွက်မည့် အနာဂတ်အစီအမံများအား မည်သို့ချမှတ်ထားပါကြောင်း၊ ထိုသို့ အနာဂတ်အစီအမံ များကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ စိန်ခေါ်မှုများနှင့် တွေ့ကြုံလာပါက စိန်ခေါ်မှုများကို အားသာချက် အခွင့်အလမ်းအဖြစ် ဖန်တီးယူနိုင်ရန်အတွက် မည်သည

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Mr Mohammad Sufiur Rahnam အား ယနေ့ ညနေ ၃ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယကနှင့် အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်သည်။

၂၀၁၄ခုနှစ် အောက်တိုဘာလ ၂၁ ရက်ုံ

 

ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များကို ၂၀၁၄ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့ ညနေပိုင်း (၁၆း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာ ဆောင်အမှတ် (I-2)၊ ဥပဒေကြမ်း ကော်မတီ အစည်းအဝေးခန်းမ၌ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။

နိုင်ငံတကာပါလီမန်များအဖွဲ့ ပူးပေါင်းကော်မတီအတွင်းရေးမှူး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုး ခေါင်းဆောင်သည့်အဖွဲ့သည် ၂၀၁၄ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၁ ရက် နေ့ အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် ကျင်းပသော ပထမအကြိမ် နိုင်ငံတကာ ပါလီမန်များ အဖွဲ့ လူငယ် လွှတ်တော်ကိုယ်စားလှယ်များ ညီလာခံသို့လည်းကောင်း၊ အောက်တိုဘာလ ၁၂ ရက် နေ့က ကျင်းပသော အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးသို့ လည်းကောင်း၊ အောက်တိုဘာ ၁၃ ရက်နေ့မှ ၁၆ ရက် နေ့အထိ ကျင်းပသော (၁၃၁)ကြိမ်မြောက် နိုင်ငံတကာ ပါလီမန်များအဖွဲ့ ညီလာခံသို့လည်းကောင်း တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန် GE ကုမ္ပဏီ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် မစ္စတာ ဂျက်ဖ်ဖရီအင်မက် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ညနေ (၅) နာရီ (၁၅)မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌဦးလွန်းသီသည် နော်ဝေအခြေစိုက် လျှပ်စစ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် ဂျကော့ပ်ဆန် အီလက်ထရို ကုမ္ပဏီ၏  ဦးဆောင် ညွှန်ကြားရေးမှူး H.E.Mr. Ole Kristian Odegard  ဦးဆောင် သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် (၈း၄၅)နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊  ပြည်သူ့လွှတ်တော် ရေးရာဆောင် (I-1)၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (ကိုယ်စား) လက်ခံတွေ့ဆုံသည်။

Pages