Law Database | Mail | English Version

September 2014

 ပြည်သူ့လွှတ်တော်နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ဂျာမနီ နိုင်ငံအခြေစိုက် ဟန်းဆိုင်ဒယ်ဖောင်ဒေးရှင်း(Hanns Seidal Foundation)မှ Mr. Achim Munz ဦးဆောင်သော အဖွဲအား ၂၀၁၄ခုနှုစ် စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ (၁၆း၀၀) နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊  အဆောင်အမှတ်  I-1 တွင် လက်ခံတွေ့ဆုံပါသည်။

ထိုသို့ တွေ့ဆုံရာတွင် မြန်မာလွှတ်တော်များသို့ အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များနှင့် လွှတ်တော်ရေးရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

၂၀၁၅ခုနှစ် စက်တင်ဘာ ၂၉

 

 

 

 

 ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ သည် ကနေဒါနိုင်ငံမှ လွှတ်တော်ကိုယ်စားလှယ် H.E.Mr. Kirsty Duncan ဦးဆောင်သည့် ကနေဒါလွှတ်တော် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ်(၁)၌ လက်ခံတွေ့ဆုံသည်။

ဂျာမနီနိုင်ငံ University of Wuerzburg မှ Prof.Dr.Hans Fehr၏အခွန်စနစ်နှင့်ဘတ်ဂျက် လုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၇ ရက် နံနက် (၉) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရုံး ရုံး အမှတ် (၂၀) ၌ ကျင်းပရာ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်ချီးမြှင့်သည်။

 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ(ကိုယ်စား) ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးသည်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr. Kim Sok Chol နှင့် အဖွဲ့အား ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် (၀၈း၀၀)နာရီ အချိန်တွင် လည်းကောင်း၊ ဗြိတိန် နိုင်ငံ သံရုံးမှ ပထမအတွင်းဝန် Mr. Wayne Lves  အား မွန်းလွဲ (၁၅း၀၀) နာရီ အချိန်တွင် လည်းကောင်း၊ ပါကစ္စတန်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr.

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၄ခုနှစ် စက်တင်ဘာ ၂၅ နံနက် ၈ နာရီ ၃၀ မိနစ် တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိခန်းမဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကော်မတီ၊ ကော်မရှင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။        

 ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဖွင့်အမှာစကားပြောကြားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအား ရှင်းလင်း တင်ပြ ကာ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများက ကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကိုယ်စား ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သောင်းသည် မောရစ်သျှသမ္မတနိုင်ငံအခြေစိုက်၊ မောရစ်သျှ နိုင်ငံတော်ဘဏ် (အက်စ်ဘီစီ) လီမိတက် ဥက္ကဋ္ဌ မစ္စတာမူနီခရစ်နားတီရက်ဒီ ဦးဆောင်သောအဖွဲ့အား ယနေ့ နံနက် (၈း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် (I-1)၌ လက်ခံတွေ့ဆုံသည်။

ယနေ့ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ဖာပွန်မဲဆန္ဒနယ်မှ ဦးစိုင်းသန်းနိုင်က စစ်ဆင်ရေးအထောက်အကူပြုဝန်ထမ်းအဖြစ်တပ်မတော်သား များနှင့်အတူ လိုက်ပါဆောင်ရွက်စဉ် အသက်၊ခန္ဓာ၊ပစ္စည်းဥစ္စာများဆုံးရှုံးခဲ့ရသော ပြည်သူများ

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည်လာအို ပြည်သူ့တော် လှန်ရေးပါတီ ဗဟိုကော်မတီ ပြည်ပဆက်သွယ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ H.E.Mr. Thongsavanh PHOMVIHANE ဦးဆောင်သော ကိုယ်စားလှယ်အဖွဲအား ၂၀၁၄ခုနှစ် စက်တင်ဘာ ၂၃ ရက် ညနေ(၄)နာရီခွဲ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာ သည် VISA Worldwide မှ Country Manager Mr. Hiro Taylor ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၄ခုနှစ် စက်တင်ဘာ ၂၃ ရက် မွန်းလွဲ (၁၃း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အမှတ် (၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

(၃၅)ကြိမ်မြောက် အာဆီယံပါလီမန်များညီလာခံ တက်ရောက်ရန်အတွက် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ၁၇ ရက် နံနက်ဒေသစံတော်ချိန် ၉နာရီ၁၅မီနစ်တွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ မြန်မာသံရုံးနှင့်စစ်သံရုံးတို့မှ မိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး မိသားစုများ အား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

Pages