Law Database | Mail | English Version

August 2014

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကိုယ်စား နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ဓါတု လက်နက်တားဆီးပိတ်ပင်ရေး စာချုပ်ဆိုင်ရာအဖွဲ့အစည်းမှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနှင့် အကူအညီပေးရေးဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ မာ့ခ်အယ်လ် ဘွန်းစ်အား ၂၀၁၄ခုနှစ် သြဂုတ်  ၂၇ ရက် မွန်းတည့်  (၁၂) နာရီတွင်နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ် (၁) ၌ လက်ခံ တွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗြိတိန်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုးမှုဝန်ကြီးဌာန ဝန်ကြီး H.E.Mr.Desmond Swayne ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၄ခုနှစ်  သြဂုတ်  (၂၇)နံနက် (၁၀)နာရီ (၄၅) မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒ ကျော်စွာ၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်ထောင်စု လွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် “ ဝ ” အထူးဒေသ (၂)မှ ဗဟိုကော်မတီဝင် ဦးကျောက်ကော်အန်း၊ SSPP/SSA မှ ဒုတိယဥက္ကဋ္ဌ စဝ်ခေးတိုင်းနှင့် မိုင်းလားအထူးဒေသ (၄) မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များအား ၂၀၁၄ခုနှစ်၊ သြဂုတ် ၂၆ ရက် နံနက် (၉)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ သည် အင်ဒိုနီးရှားပါလီမန် နိုင်ငံခြားရေးရာ၊ ကာကွယ်ရေး၊ ကျွမ်းကျင်မှုဆိုင်ရာ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ Mr.Tantowi Yahya ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၄ခုနှစ် သြဂုတ် ၂၅ ရက်နေ့ နံနက် (၉) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အမှတ် (၁)၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာနမ်ဘီးယားအား ၂၀၁၄ခုနှစ် သြဂုတ် (၂၂) ရက် နံနက် (၁၀)နာရီ (၄၅)မိနစ် တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံသား များ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် သီရိလင်္ကာနိုင်ငံသမ္မတဟောင်း မစ္စစ်ချန်ဒရီကာ ဘန်ဒရာနိုက်ကေး ကုမာရတွန်ဂါအား ၂၀၁၄ခုနှစ် သြဂုတ် (၂၂) ရက်တွင် နံနက် (၉)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီသည် အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီအခြေစိုက် အပြည်ပြည်ဆိုင်ရာဘာသာရေး လွတ်လပ်မှု ကော်မရှင်မှ ကော်မရှင်နာ Mr.Ericp.Schwartz ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၄ခုနှစ် သြဂုတ်  ၂၂ ရက် နံနက် (၉း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်(I-1) ၌ လက်ခံတွေ့ ဆုံသည်။

  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ-ခေတ်မိုး) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အအုံ ဇမ္ဗူ သီရိဆောင် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာသည် Center for Strategic and International Studies (CSIS) မှ Global Health Policy Center’s Director Dr.J.Stephen Morrison ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အမှတ်(၁) ဧည့်ခန်းမ ၌ လက်ခံတွေ့ဆုံသည်။

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှဒသမပုံမှန်အစည်းအဝေးထိ မေးခွန်းများ၊ အဆိုများနှင့် ဥပဒေကြမ်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Pages