Law Database | Mail | English Version

July 2014

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှုရှိမည့် ရွေးကောက်ပွဲ စနစ်ပေါ်ပေါက်လာစေရန်လေ့လာသုံးသပ်ရေးကော်မရှင်၏(၁/၂၀၁၄)ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၂) နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် (C-ဆောင်အပေါ်ထပ်) အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၈)ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသို့ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။

၂၀ဎ၄ ဇူလိုင် ၃၁ ရက်

ရုပ်သံ

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်      US-ASEAN Business Council (USABC) ဥက္ကဋ္ဌ Mr. Alexander C. Feldman ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ (၂) နာရီတွင်  နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ဇမ္ဗူသီရိဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၄)ရက်မြောက်နေ့ (၂၄- ၇- ၂၀၁၄)တွင် ပုစွန်တောင် မဲဆန္ဒ နယ်မှ ဦးအောင်ဇင် က  မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲ ကျင်းပမည့် စနစ်တစ်ခုကို ဖော်ဆောင်ကျင့်သုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်း၍ (၂၉- ၇- ၂၀၁၄)တွင် ကျင်းပသော ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၇)ရက်မြောက်နေ့ ပြည်သူ့ကိုယ်စားလှယ်များမှ ဆွေးနွေးခဲ့ကြသည်။

 

နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပြန်လည်ပေးပို့သော သတင်း မီဒီယာဆိုင်ရာကိစ္စနှင့် ပတ်သက်သည့် သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖတ်ကြားတင်ပြခဲ့သည်။ အဆိုပါသဝဏ်လွှာအား လာမည့်ပြည်ထောင်စုလွှတ်တော်တွင် ဖတ်ကြားရန်စီစဉ်ထားသော်လည်း လိုအပ်ချက်အရယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖတ်ကြားတင်ပြခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောကြားသည်။

ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၄)ရက်မြောက်နေ့ (၂၄- ၇- ၂၀၁၄)တွင် ပုစွန်တောင် မဲဆန္ဒ နယ်မှ ဦးအောင်ဇင် က  မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲ ကျင်းပမည့် စနစ်တစ်ခုကို ဖော်ဆောင်ကျင့်သုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်း၍ (၂၈- ၇- ၂၀၁၄)တွင် ကျင်းပသော ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၆)ရက်မြောက်နေ့ ပြည်သူ့ကိုယ်စားလှယ်များမှ ဆွေးနွေးခဲ့ကြသည်။

ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၄)ရက်မြောက်နေ့ (၂၄- ၇- ၂၀၁၄)တွင် ပုစွန်တောင် မဲဆန္ဒ နယ်မှ ဦးအောင်ဇင် က  မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိမည့် ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲ ကျင်းပမည့် စနစ်တစ်ခုကို ဖော်ဆောင်ကျင့်သုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးနိုင်ရေး တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်း၍ (၂၅- ၇- ၂၀၁၄)တွင် ကျင်းပသော ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး (၃၅)ရက်မြောက်နေ့ ပြည်သူ့ကိုယ်စားလှယ် ၁၀ ဦးမှ ဆွေးနွေးခဲ့ကြသည်။

၂၆ - ၇- ၂၀၁၄

အပိုင်း (၁)

 

မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (Myanmar Parliamentary Union) အစည်းအဝေး (၄/၂၀၁၄)ကို ယနေ့နံနက် (၈)နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ မြန်မာနိုင်ငံလွှတ်တော် ဆိုင်ရာအဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာ၊ မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ဝင်များဖြစ်ကြသည့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြငြိမ်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် လွှတ်တော်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်သူ့လွှတ်တော်ရုံး စာကြည့်တိုက်သို့ World Bank Office Bangkok မှ စာအုပ် လှူဒါန်းပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် (C) ဆောင် စာကြည့်တိုက်နှင့် ဒုတိယထပ်အစည်းအဝေးခန်းမတို့တွင် ကျင်းပသည်။

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ သည် ဟောင်ကောင်တက္ကသိုလ်မှ ပြင်သစ်သုတေသန လက်ထောက် ပါမောက္ခ Dr. Renaud EGRETEAU အား ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-1) ၌ လက်ခံတွေ့ဆုံသည်။

Pages