Law Database | Mail | English Version

June 2014

 ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဇွန်လ ၂၇ ရက်နေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Tom Malinowski နှင့်အဖွဲ့အား လက်ခံ တွေ့ဆုံသည်။

      ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးပြုပြင်‌ပြောင်းလဲမှု ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ Hon.Mr.Hideo WATANABE ဦးဆောင်သောအဖွဲ့အား ဇွန်လ ၂၆ ရက် ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ အဆိုပါတွေ့ဆုံပွဲ သို့ပြည်ထောင်စု လွှတ်တော်နာယကနှင့် အတူနိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးခင်မောင်ထွန်း၊ ဦးခင်မောင်စိုး၊ ဦးဝင်းမြင့်၊ ဦးကြည်ထွဋ်ဝင်းနှင့်   ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက် ကြသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် AIPA အထွေထွေအတွင်းရေးမှူးချုပ် H.E.Mr. Periowsamy Otharam  အား ဇွန်လ ၂၃ ရက် နံနက် (၈) နာရီခွဲတွင်နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် AIPA နှင့် မြန်မာနိုင်ငံ လွှတ်တော်များအကြား အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြသည်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို အစီအစဉ် (၈) ခုဖြင့် ကျင်းပပါသည်။ ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီး ပြည်ထောင်စုလွှတ်တော် စတုတ္ထနေ့ အစီအစဉ်ကို ကျင်းပသည်။ ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် လမ်းနှင့် တံတားအသုံးပြုခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို လွှတ်တော်က မှတ်တမ်းတင်သည်။ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပ

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၏ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရအောင်သင်ကြားပေးသည့် ဆရာ၊ ဆရာမများအား စတုတ္တအကြိမ် ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ဖြူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စပယ်ဆောင်ခန်းမ၌ ကျင်းပရာ ...

နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသည့် ဆရာ၊ဆရာမများအား စတုတ္ထအကြိမ် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်  (၁၀) နာရီ တွင် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တက်ရောက်အားပေးသည်။

ဥပဒေပညာရပ်သည် လူတိုင်းသိအပ်၊ တတ်အပ်သော ပညာရပ် ဖြစ်ပြီး မတတ်လျင် အညာခံရ၊ အလှည့်စား ခံရမည် ဖြစ်ပါကြောင်း၊ ဥပဒေမတတ်လျင် မှန်သည်ထင်သော အမှားများ ပြုလုပ်မိပြီး မှားသည် ထင်သော အမှန်များ ကိုလည်း မျက်ကွယ်ပြု၊ လျစ်လျူပြုခြင်းများ ဖြစ်နိုင်ကြောင်းဖြင့်‌ယနေ့မွန်းလွဲ (၁)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ကိုရီးယား သမ္မတနိုင်ငံ နိုင် ငံခြားရေးဝန်ကြီး H.E.Mr.Yun Byurgse ဦးဆောင်သော အဖွဲ့အား ဇွန်လ ၅ ရက်နေ့၊ ညနေ (၄) နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန်ပြည်ထောင်စု ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး မစ္စပန်နီပရက်စ်ကာ ဦးဆောင်သော အဖွဲ့အား ဇွန်လ ၅ ရက်နေ့၊ နံနက် (၈) နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သောအဖွဲ့အား ဇွန်လ ၅ ရက်နေ့၊ နံနက် (၇) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Pages