Law Database | Mail | English Version

May 2014

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်တရုတ်နိုင်ငံတော်ကောင်စီ ဝင် အမျိုးသား ကာကွယ်ရေးဝန်ကြီး General Chang Wanquan ဦးဆောင်သည့် အဖွဲ့အား မေလ၂၀ ရက်နေ့  နံနက် ၉ နာရီခွဲတွင် နေပြည် တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပြင်သစ်နိုင်ငံ UNIVERSITY DE STRABOURG မှ Directory Nicole Gautheir ဦးဆောင်သော အဖွဲ့ဝင် (၉)ဦးအား ၁၁နာရီ ၁၅ မိနစ်အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွှတ်တော်များဖွဲ့စည်းမှုနှင့် ဥပဒေပြုရေး ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်အမျိုးသားပြည်သူ့ ကွန်ဂရက်(NPC)၏ အမြဲတမ်းကော်မတီဒုတိယဥက္ကဋ္ဌ H.E. Mme Yan Junqi ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာဆီယံရေးရာ အထူးကိုယ်စားလှယ် H.E. Ambassador WANG Yingfan ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား မေ ၁၅ ရက် နံနက် ၉း ၃၀ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးကိစ္စရပ်များနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများမှ တစ်ဆင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးတက်ခိုင်မာရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် OHCHR Regional Office for South-East Asia မှ Deputy Head Ms. Heike Alefsen ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား မေ ၁၄ ရက် မွန်းလွဲ (၁၂) နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် လူအခွင့်အရေးနှင့် လူသားချင်း အကူအညီပေးရေး ဆိုင်ရာ ဂျာမနီ ပြည်ထောင်စုအစိုးရ ကော်မရှင်နာ H.E. Mr. Christoph Strasser ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မေ ၁၄ ရက် နံနက် (၉)နာရီခွဲ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် လူ့အခွင့်အရေး၊ နှစ်နိုင်ငံလွှတ်တော်များ ချစ်ကြည်ရင်းနှီး တိုးတက်ခိုင်မာရေး၊ လွှတ်တော်ဝန်ထမ်း များ အရည်အချင်း မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

၂၀၁၄ မေ ၁၄