Law Database | Mail | English Version

April 2014

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၌ ချစ်ကြည်ရေးခရီး လည်ပတ်ခဲ့ပြီးနောက် ဧပြီ ၂၉ ရက် နံနက်ပိုင်းတွင် ကူမင်းမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာယန်ဟို့လန်နှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌ မစ္စတာ ကျန်းတဲ့ကျန်း၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေး ခရီးထွတ်ခွာလာသော ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း သည် လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များလိုက်ပါလျက် ၂၀၁၄ ခုနှစ်၊ဧပြီလ ၇ရက်နေ့ ၀၉၃၀နာရီချိန်တွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၊ ဥပဒေပြုကောင်စီ သို့ ရောက်ရှိ ရာ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် တရုတ်ပြည်သူ့  သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက်၊ အမြဲတမ်းကော်မတီဥက္ကဋ္ဌ H.E. Mr. Zhang Dejiang နှင့် မွန်ဂိုလီးယားနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Zandaakhuu Enkhbold တို့၏ ဖိတ်ကြားချက်အရ ယနေ့ နံနက် ၁ နာရီ ၁၀ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တရုတ်ြပည်သူ့သမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာ ပါသည်။

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၄ခုနှစ်၊ ဧပြီ ၄ ရက် နံနက် ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေး ခန်းမ၌ ဖြူးမြို့နယ မြေ အသုံးချမှု စီမံခန့်ခွဲရေးကော်မတီ၊ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီနှင့် မြို့မိမြို့ဖများအား တွေ့ဆုံ ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်   နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Johannes Boer အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ၊ ပြည်သူ့လွှတ်တော် အစည်းအဝေးဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၄ ခု၊ ဧပြီလ ၁ရက် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာ သီရိ မြို့နယ်ရှိမြို့နယ်စီမံ ခန့်ခွဲရေးကော်မတီ၊ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီနှင့်ရပ်ကွက် /ကျေးရွာအုပ် ချုပ်ရေးမှူးများအား တွေ့ဆုံပြီး မြေအသုံးချမှု စီမံခန့်ခွဲရေးဆိုင်ရာ  ကိစ္စရပ်များနှင့် စပ်လျဉ်းပြောကြားသည်။