Law Database | Mail | English Version

March 2014

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်   အမေရိကန်ပြည်ထောင်စု၊ စတန်းဖို့ဒ်စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခ မစ္စတာ အက်ဒ်ဝက်ဒ် ပေါလ် လာဇီးယား ဦးဆောင် သည့် ကျောင်းသား/ကျောင်းသူများအား ၂၀၁၄ ခုနှစ် မတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

သူရဦးရွှေမန်း

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၄၊ မတ်လ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ် တွင် ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင် ဆန်း စုကြည်နှင့် အတူ သတင်းမီဒီယာများအား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင်၌ လက်ခံတွေ့ ဆုံသည်။

ရခိုင်ပြည်နယ်အတွင်း ပြည်နယ်အစိုးရက ထောက်ခံတင်ပြထားသော စီမံကိန်း (၈)ခု အတွက် ပြည်ထောင်စုအစိုးရ ခွင့်ပြုကူညီပေးရေးနှင့် စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရီဆောင် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယ က၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတက်ရောက် အမှာစကားပြောကြားသည်။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် OHCHR မှ အရှေ့တောင်အာရှ ဒေသဆိုင်ရာရုံး၏ ဒုတိယအကြီးအကဲဖြစ်သူ Ms. Heike Aletsen ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား မတ်လ ၂၅ ရက်နေ့ နံနက် ၉နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-1) ၌ လက်ခံတွေ့ဆုံသည်။

သူရဦးရွှေမန်း

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် မတ်လ ၂၅ရက်နေ့  နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်ထောင်စုလွှတ်တော် ဧည့်ခန်းမဆောင်၌ လွှတ်တော်ကျင်းပနေမှုအား လာရောက်လေ့လာသည့် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်မှ အ‌ခြေခံပညာ အထက်တန်း၊ အလယ်တန်း ကျောင်းသားကျောင်းသူ (၆၉) ဦးနှင့် ကျောင်းသားမိဘ(၂၇) ဦးတို့အား လက်ခံတွေ့ဆုံသည်။

၂၀၁၄ မတ် ၂၅

သူရဦးရွှေမန်း

ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မွန်ဂိုလီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Battumur CHIMEDDORJ အား မတ်လ ၂၅ရက်နေ့ နံနက် ၉ နာရီတွင်နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

သူရဦးရွှေမန်း

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဂျပန်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Fumio KISHIDA အား မတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

သူရဦးရွှေမန်း

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နော်ဝေနိုင်ငံဝန်ကြီး ချုပ်ဟောင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဖြစ်သူ The Elders (ရပ်မိရပ်ဖများ) အဖွဲ့အစည်း ဒုတိယဥက္ကဋ္ဌ Ms. Gro Harlem Brundtland နှင့်အဖွဲ့အား မတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

သူရဦးရွှေမန်း

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. PARK, Byeong Seung ဦးဆောင်သည့်အဖွဲ့အား မတ်လ ၂၁ရက် နေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့်ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း သည် မတ်လ ၁၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော် ရေး ရာဆောင်အမှတ် I-8 ၌ Capital World Investors မှ Senior Vice President Mr. Steven T. Watson နှင့် အဖွဲ့အား လက်ခံတွေ့ဆုံသည်။

Pages