Law Database | Mail | English Version

February 2014

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂.၂.၂၀၁၄ မွန်းလွဲ(၁)နာရီ တွင် နေပြည်တော်ကောင်စီနယ်မြေဇမ္ဗူသီရိမြို့နယ်ရှိနေပြည်တော် ကောင်စီရုံးဇမ္ဗူသီရိခန်းမ၌ ဒက္ခိဏခရိုင် အတွင်းရှိ မြို့နယ်များမှ

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် ၁.၂.၂၀၁၄ မွန်းလွဲ(၁)နာရီ တွင် နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ဥတ္တရခရိုင် အတွင်းရှိ မြို့နယ်များမှ စီမံခန့်ခွဲရေးကော်မတီများ၊ ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုကော်မတီများ၊ နိုင်ငံရေး ပါတီများ၊ နိုင်ငံရေး ပါတီများ၊

ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာ သည် ၂၇.၁.၂၀၁၄ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ဂွမြို့နယ် ကမ်းသာယာနှင့် ဆပ်သွား ကျေးရွာများရှိ တပ်မတော်မှ သိမ်းဆည်းထားသော အုန်းခြံနှင့် လယ်ယာမြေ သိမ်းဆည်းခံ ပြည်သူများနှင့် တွေ့ဆုံပြီး၎င်းမြေ ယာများ ပြန်လည်ရရှိစေရေးအတွက် လွှတ်တော်မှ ဆောင်ရွက်ထား သည်များ၊ ဆက် လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး ၂၈.၁.၁၄ ရက်နေ့ တွင်လည်း ဂွမြို့နယ် ကျိန္တလီမြို့နယ်ခွဲရှိ တပ်မတော်မှ မြေယာ သိမ်းဆည်းခံ ပြည်သူများနှင့်လည်း တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ (MPU) အစည်းအဝေး ၁/၂၀၁၄ ကို ဇန်နဝါရီ (၃၀)ရက် နံနက် (၈)နာရီခွဲတွင် နေပြည်တော်ရှိလွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင်၌ ကျင်းပရာ မြန်မာနိုင်ငံ လွှတ်တော် ဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော်နာယက နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊   မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ဒုတိယဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက နှင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌမျာ

Pages