Law Database | Mail | English Version

November 2013

နေပြည်တော်- နိုဝင်ဘာ ၂၈

          ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဂျပန်နိုင်ငံ House of Representative ဥက္ကဋ္ဌ Hon. Mr. Bunmei IBUKI ၏ ဖိတ်ကြားချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ည ၂၂း၁၀ နာရီချိန်ထွက်ခွာလာရာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ Narita လေဆိပ်သို့ နိုဝင်ဘာလ ၂၈ ရက်နေ့ ဒေသစံတော်ချိန် ၀၆း၄၅ ချိန်တွင် ရောက်ရှိပါသည်။ ပြည်ထောင်စု လွှတ်တော် နာယက နှင့်အဖွဲ့ဝင်များအား ဂျပန်နိုင်ငံ House of Representative မှ Director General Mr. Toshiyuki IWADO နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ သံအမတ်ကြီး ဦးခင်မောင်တင် နှင့် တာဝန်ရှိသူများမှ Narita လေဆိပ် မှ ကြိုဆို နှုတ်ဆက်ခဲ့ကြသည်။

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဇနီး ဒေါ်ခင်လေး သက် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံလွှတ်တော် House of Representative ဥက္ကဋ္ဌ Hon. Mr. Bunmei IBUKI ၏ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ရန် ယမန်နေ့ ည ၁၀ နာရီ ၁၀ မိနစ်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

နေပြည်တော်၊ နိုဝင်ဘာလ ၂၃

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် သူရဦးအေးမြင့်၊ ဦးမောင်မောင်သိမ်းနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ နိုဝင်ဘာလ ၂၃ မွန်းလွဲ (၁)နာရီတွင်

နေပြည်တော်၊ နိုဝင်ဘာ ၂၁

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ယနေ့နံနက် ၉ နာရီတွင် ဂျပန် သံအမတ်ကြီး H.E. Mr. Mikio NUMATA အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

နေပြည်တော်၊ နိုဝင်ဘာ ၂၀

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ယနေ့နံနက် ၁၀နာရီ ၃၀မိနစ်တွင် KEIDANREN (Japan Business Federation) ဒုတိယဥက္ကဋ္ဌ Mr.KATSUMATA Nobuo ဦးဆောင်သည့် ဂျပန်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ နိုဝင်ဘာ ၁၉

ပြည်သူ့လွှတ်တော်၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်အား မွန်ဂိုလီးယားနိုင်ငံ သမ္မတ H.E Mr. Tsakhiagiin Elbegdorj ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့ နံနက် ၁၀ နာရီ ၄၀ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ပြည်သူ့လွှတ်တော် ကော်မတီဆောင် အမှတ် ၁၂ ၌ လာရောက် တွေ့ဆုံသည်။

နေပြည်တော် နိုဝင်ဘာ ၁၉

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်   မွန်ဂိုလီးယားနိုင်ငံ သမ္မတ H.E Mr. Tsakhiagiin Elbegdorj တို့သည်   ယနေ့ နံနက် ၁၁ နာရီ   မိနစ် ၅၀ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ   ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံကြသည်။

နေပြည်တော် နိုဝင်ဘာ ၁၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအား International Republican Institute (IRI)၏ ညွှန်ကြားရေးမှူးများ ဘုတ်အဖွဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ သံအမတ်ကြီး Mr. Richard Williamson သည် ယနေ့နံနက် ၈နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ကော်မတီဆောင် အမှတ် (၁)၌ လာရောက် တွေ့ဆုံသည်။

ကလေး နိုဝင်ဘာ ၁၇

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ကလေးဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့ မြို့တော် ခန်းမ၌ ကျင်းပသည်။

နေပြည်တော်၊ နိုဝင်ဘာ ၁၆

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့နံနက် ၁၀ နာရီခွဲတွင် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

Pages