Law Database | Mail | English Version

October 2013

နေပြည်တော် အောက်တိုဘာ ၂၁

ယနေ့ကျင်းပသည့် ပထမအကြိမ်ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွှန့်မှ ကလေးသူငယ်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ၉/၉၃) ကို ပြင်ဆင်သည့်ဥပဒေကြမ်းကို လွှတ်တော်မှ လက်ခံဆွေးနွေးရန် အဆိုတစ်ရပ်တင်သွင်းခဲ့ရာ ယင်းအဆိုနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက ထောက်ခံဆွေးနွေးခဲ့ပြီး

နေပြည်တော် အောက်တိုဘာ ၁၈

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း သည် ဂျပန်နိုင်ငံ၊ Nippon Foundation ဥက္ကဋ္ဌ Mr. Yohei SASAKAWA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အဦ၊ ပြည်သူ့လွှတ်တော် အစည်းအဝေးဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော် အောက်တိုဘာ ၁၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌဦးနန္ဒကျော်စွာမှ ဂျာမနီနိုင်ငံ၊ ဖရက်ဒရစ်နော်မန် ဖောင်ဒေးရှင်း၏ အပြည်ပြည်ဆိုင်ရာဌာန အကြီးအကဲဖြစ်သူ Mr. Ulrich Niemann ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ (၁၅း၃၀) နာရီအချိန်တွင် နေပြည်တော်ရှိလွှတ်တော် ရေးရာဆောင် (I-1) ၌ လက်ခံတွေ့ဆုံပါသည်။

နေပြည်တော် အောက်တိုဘာ ၁၃

ပြည်ထောင်စုလွှတ်တော်နာယက  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ခေါင်းဆောင်သော  ကိုယ်စား လှယ်အဖွဲ့သည်  ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ကျင်းပသည့် (၁၂၉) ကြိမ် မြောက် အပြည်ပြည်ဆိုင်ရာ ပါလီမန် များသမဂ္ဂ ညီလာခံ (IPU) (129 th  Assembly  of  the  Inter- Parliamentary  Union) နှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး

နေပြည်တော်၊ အောက်တိုဘာ ၁၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ အား   မြောက်ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Kim Sok Chol ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့မှ ယနေ့နံနက် (၀၉း၀၀) နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-1) ၌ လက်ခံတွေ့ဆုံပါသည်။

နေပြည်တော်  အောက်တိုဘာ  ၉

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် (၁၂၉)ကြိမ် မြောက် အပြည်ပြည်ဆိုင်ရာပါလီမန်များ သမဂ္ဂညီလာခံ ဒုတိယနေ့ အစည်းအဝေးကို အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီတွင် ကျင်းပရာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း ခေါင်းဆောင်သော မြန်မာ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

ဂျီနီဗာ  အောက်တိုတာ  ၈

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ  သူရဦးရွှေမန်းသည် အောက်တိုဘာ  ၇ ရက် နံနက်ပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌  ကျင်းပလျက်ရှိသည့် (၁၂၉)ကြိမ်မြောက်  အပြည်ပြည်ဆိုင်ရာ ပါလီမန်များညီလာခံ  ပထမနေ့ အစည်းအဝေးသို့   တက်ရောက်သည်။

နေပြည်တော်၊ အောက်တိုဘာ ၇

ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ  ဦးနန္ဒကျော်စွာအား ထိုင်းနိုင်ငံ၊ အမတ္တာ ကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ် မစ္စတာ ဗီခရွန်ခရိုမာဒစ်နှင့် အဖွဲ့မှ ယနေ့နံနက် (၀၉း၀၀) နာရီတွင်နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် ( I- 1 ) ဧည့်ခန်းမ၌  လာရောက် တွေ့ဆုံပါသည်။

Republic of the Union of Myanmar

Pyidaungsu Hluttaw

Joint Committee for Reviewing the Constitution of the Republic of the Union of Myanmar

Press Release (1/2013)

3rd October, 2013

14th Waning of Tawthalin, 1375 ME

Press release on seeking advice and measures taken for the

Constitution (2008)

နေပြည်တော်၊ အောက်တိုဘာ(၃)

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မေရိကန်ပြည်ထောင်စု၊ Harvard Kennedy ကျောင်းအုပ်ကြီး Mr. David T.Ellwood နှင့် အဖွဲ့အား ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

Pages