Law Database | Mail | English Version

September 2013

၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျင်းပခဲ့သည့် ပထမအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်း ထားသော တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရှစ်ဦးကို အမည်စာရင်း ပြောင်းလဲလိုကြောင်း ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ

နေပြည်တော် စက်တင်ဘာ ၂၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ ဦးဆောင်သော The Elders အဖွဲ့သည် (၂၅-၉-၂၀၁၃) ရက်နေ့ (၁၆း၄၅) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-1) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

နိဒါန်း

လောက၌ အစိုးရမှု အပြည့်အဝရှိနိုင်ရန် လူသားတို့သည် ဆဲရေးခြင်း၊ ညှဉ်းဆဲခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တုန့်မူခြင်း၊ ငြင်းခုန်ခိုက်ရန်ဖြစ်ခြင်း၊ ဣနြေ္ဒတရားတို့ကို မစောင့်စည်းခြင်း၊ မှားယွင်းသောကြံစည်မှု အာရုံရှိခြင်း၊ အများအကျိုးစီးပွားနှင့် စပ်သောအလုပ်ကို တိကျမှန်ကန်မှုမလုပ်ခြင်း၊ ထကြွလုံ့လမှုမရှိ၍ သတိတရားအားနည်းပြီး စူးစမ်းဆင်ခြင်မှု မစင်ကြယ်ခြင်း စသည်တို့ကြောင့် “ဒီမိုကရေစီ” (လူမှုဘဝနိုင်ငံရေး) တို့ကို ရွှင်လန်းဝမ်းမြောက် ထူးခြားမှုအားနည်းရခြင်းဖြစ်သည်။

ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် ဒီမိုကရေစီနိုင်ငံရေးခရီးကို လျှောက်လှမ်းနိုင်ရန် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို စတင်ခဲ့ပါသည်။ ဤသို့ဖြင့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ယခုနှစ်တွင် တတိယအကြိမ်အဖြစ် ကျင်းပနိုင်ခဲ့ပြီဖြစ်ပါသည်။ ရာစုနှစ်ထက်ဝက်ကျော် ဒီမိုကရေစီပုံသဏ္ဍာန်နှင့် အနှစ်သာရများဆိတ်သုဉ်းခဲ့သော ဤနိုင်ငံတွင် ယခုအခါ ပြည်သူတို့၏ဆန္ဒကို

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ တင်သွင်းသည့်စာတမ်းကို ကျွန်တော်ဦးနေဝင်းထွန်းမှ ဖတ်ကြားမှာဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော ဒီမိုကရေစီဘက်တော်သားအပေါင်းတို့ခင်ဗျား   ဒီနေ့ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံသောနေ့တစ်နေ့ဖြစ်ပါတယ်။ ဒါကြောင့် ဤအခမ်းအနားသို့ ကြွရောက်လာကြတဲ့ ဒီမိုကရေစီဘက်တော်သားအားလုံးနဲ့ အခမ်းအနားကို ကြီးမှူးကျင်းပသည့် ဗဟိုကော်မတီ ဥက္ကဋ္ဌနှင့်တကွ ကျင်းပရေး ကော်မတီ အဖွဲ့ဝင်များ၊ကြွရောက်လာကြသည့်

ပြည်တွင်းငြိမ်းချမ်းရေးမှသည် ဒီမိုကရေစီထွန်းကားရေးဆီသို့

တတိယအကြိမ်မြောက်ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့နှင့်အတူ “ဒီမိုကရေစီထွန်းကားရေး ပြည်သူ့ အသံမြှင့်တင်ပေး”ဆိုသည့် ဆောင်ပုဒ်ကို လှိုက်လှဲစွာ ကြိုဆိုအပ်ပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။

ယနေ့ ဒီအခမ်းအနားကြီးကို ကြွရောက်လာကြတဲ့ လေးစားအပ်ပါသော လွှတ်တော်အသီသီးမှ ဥက္ကဋ္ဌကြီးများ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီအသီးသီးမှ ခေါင်းဆောင်ကြီးများနှင့် ဧည့်သည်တော်များအားလုံးကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည်စုံပြီး မင်္ဂလာအပေါင်းနှင့် ခညောင်းပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက် ဂါရဝပြုအပ်ပါတယ်။

မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူပြောင်းရေးအတွက် လွှတ်တော်များအားကောင်းရေးနှင့် ဒီမိုကရေစီခိုင်မာရေးသည် ဆက်စပ် နေပါသည်။ ၂၀၁၀ ပါတီစုံဒီမီုကရေစီ အထွေထွေရွေးကောက်ပွဲပြီးစီးပြီးနောက် မြန်မာနိုင်ငံ တွင် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဖွဲ့စည်းနိုင်သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များကိုလည်း ဖွဲ့စည်းနိုင်ခဲ့ပါသည်။

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ဖြစ်သည်။ ဒ်ီမိုကရေစီသာလျှင် ကမ္ဘာသူကမ္ဘာသားတို့အား ကောင်းချီးပေးသော နိုင်ငံရေးစနစ်ဖြစ်သည်။ သက်ဦးဆံပိုင် ဘုရင်စနစ်မှသည် လူထုအားဒုက္ခပေးသော အာဏာရှင်စနစ်ဆိုးများအား အသက်ပေါင်းများစွာ စတေးပြီး ဆန့်ကျင်ဖယ်ရှားပြီးမှ ဒီမိုကရေစီ အရောက်တက်လှမ်းနိုင်သော နိုင်ငံများရှိသကဲ့သို့ ယနေ့အထိ အသက်ပေါင်းများစွာ စတေးခံဆဲ ဒီမိုကရေစီကို တက်လှမ်းနေဆဲ နိုင်ငံများလည်း တွေ့နေရဆဲဖြစ်သည်။

Pages