Law Database | Mail | English Version

August 2013

၂၀၁၃ ခုနှစ် သြဂုတ်လ ၇ ရက်နေ့က ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး  ၁၉  ရက်မြောက်နေ့ တွင် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းခဲ့သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ၏  သက်တမ်းကို တစ်နှစ်ပြည့်‌မြောက်သည့်နေ့ရက်၏ နောက်တစ်နေ့ဖြစ်သော ၇-၈-၂၀၁၃ ရက်နေ့မှစ၍ နောက်ထပ် တစ်နှစ် တိုးမြှင့် သတ်မှတ် လိုက်သည်။

 

နေပြည်တော်၊ သြဂုတ် ၉

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိအစည်းအဝေး ခန်းမဆောင်၌ ကျင်းပသည့် ကော်မတီ၊ ကော်မရှင်များ၏ လုပ်ငန်းညှိနိုင်းအစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။

နေပြည်တော်၊ သြဂုတ် ၇

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ဥက္ကဋ္ဌ Mrs. Akihiko TANAKA ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ ညနေ ၅ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ သြဂုတ်လ ၆

“တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ပဏာမ တွေ့ဆုံရှင်းလင်းခြင်းနှင့် Federal အကြောင်းစာတမ်းဖတ်ကြား တင်ပြခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ သဘင်ဆောင်ခန်းမ၌ ကျင်းပသည်။

နေပြည်တော် သြဂုတ် ၅၊

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား ကိုရီးယားသမ္မတနိုင်ငံ၊ ကိုရီးယား - မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Song, Kwand Ho ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်(၉း ၁၅)တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ရေးရာဆောင် (I-1) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၇ ရက်မြောက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှ သူနာပြုယာဉ်များ၏ တယ်လီဖုန်းနံပါတ်များမှာ ရှည်လျားနေသည့်အတွက် အခက်အခဲ တစ်စုံတစ်ရာကြောင့် တယ်လီဖုန်း ဆက်သွယ်လိုပါက လွယ်ကူစွာ မှတ်မိနိုင်ရန် တယ်လီဖုန်းနံပါတ်များအား သုံးလုံး သို့မဟုတ် သုံးလုံးထက်တိုသော နံပါတ်များအား ထုတ်ပေးရန် ဆက်သွယ်ရေး ဝန်ကြီးဌာနသို့ တိုက်တွန်း ပြောကြားခဲ့ပါသည်။

ပထအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၇ ရက်မြောက်နေ့တွင် အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ဖြင့် ပေးပို့လာသော “ဆက်သွယ်ရေး ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီမှ အဖွဲ့ဝင် ဦးစိုးရယ်က ဥပဒေကြမ်း အစီရင်ခံစာကို အောက်ပါအတိုင်း တင်သွင်းခဲ့ပါသည်။

နေပြည်တော်၊ ဩဂုတ် ၁

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့ နေ့လည် ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိခန်းမဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကော်မတီ၊ ကော်မရှင် များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

နေပြည်တော်၊ သြဂုတ် ၁

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန်ပြည်ထောင်စုသမ္မတ၏ အကြီးတန်းအကြံပေး Mr. Benjamin James Rhodes ဦးဆောင်သည့်အဖွဲ့အား ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၄ နရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

Pages