Law Database | Mail | English Version

August 2013

နေပြည်တော်၊ သြဂုတ် ၁၅

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံ သံအမတ်ကြီး H.E.Mr . Mark McDowell အား ယနေ့နံနက် ၉ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်မဆောင်၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ သြဂုတ် ၁၅

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား သြစတြေးလျနိုင်ငံ၊ Sydney တက္ကသိုလ်မှ   Mr.Andrew Mcleod ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက် (၉း၁၅) နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ရေးရာဆောင်၊ အမှတ်(၁) ဧည့်‌ခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။

နေပြည်တော် - သြဂုတ် ၁၄

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်   မြန်မာ- အီးယူ ပါလီမန်များချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ Mr. Nirj Deva အား ယနေ့ညနေ ၃ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော် - သြဂုတ် ၁၄

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်   ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဟောင်းနှင့် အမေရိကန် နိုင်ငံ ကာကွယ်ရေး ဒုတိယဝန်ကြီးဟောင်း Dr. Paul Wolfowitz ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

နေပြည်တော် - သြဂုတ် ၁၄

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည်   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Mikio NUMATA အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက် အဦ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

၁၂.၈.၂၀၁၃ ရက်နေ့တွင် ကျင်းပသော   ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ က  ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က ကော်မတီအစီရင်ခံစာ တင်သွင်းခဲ့ပါသည်။

နေပြည်တော် ၊ သြဂုတ် ၁၃

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့ညနေ ၃ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ ဥက္ကဋ္ဌ ဦးခင်မောင်အေး ဦးဆောင်သည့် အဖွဲ့အား လက်ခံတွေ့ဆုံသည်။

၂၀၁၃ ခုနှစ် သြဂုတ်လ ၇ ရက်နေ့က ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး  ၁၉ ရက်မြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးအား သက်ဆိုင်ရာ ကော်မတီ၏ ကော်မတီအဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်လိုက်ပြီး ယင်း ၁၅ ဦးထည့်မှ ၄ ဦးကို သက်ဆိုင်ရာ အခြားကော်မတီများသို့ ပြောင်းရွှေ့ တာဝန်ပေး အပ်ခဲ့သည်။

ထို့ပြင် နောက်ထပ်ကိုယ်စားလှယ် ၃ ဦးအား လက်ရှိကော်မတီအပြင် အခြား သက်ဆိုင်ရာ ကော်မတီများ၌ ပူးတွဲ တာဝန်ပေးအပ် လိုက်သည်။

၂၀၁၃ ခုနှစ် သြဂုတ်လ ၇ ရက်နေ့က ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး  ၁၉ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်က ၅-၉-၂၀၁၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ရေကြောင်းပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီ အား ၇-၈-၂၀၁၃ ရက်နေ့တွင် ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး ဖျက်သိမ်းလိုက်သည့် ရေကြောင်းပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီမှ အဖွဲ့ဝင်(၁၂)ဦးအား အခြားသက်ဆိုင်ရာ ကော်မတီများသို့ ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့ပါသည်။

၂၀၁၃ ခုနှစ် သြဂုတ်လ ၇ ရက်နေ့က ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး  ၁၉  ရက်မြောက်နေ့ တွင် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းခဲ့သည့် တရားစီရင်ရေးနှင့် ဥပဒေရေး ဆိုင်ရာကော်မတီ ၏ အမည်အား တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီ ဟု ပြင်ဆင်သတ်မှတ်လိုက်သည်။

Pages