Law Database | Mail | English Version

August 2013

နေပြည်တော်၊ သြဂုတ် ၃၀

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားအား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆာင်၌ လက်ခံတွေ့ဆုံသည်။

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပထမအကြိမ် ပြည်သူ့ လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးစီးကြောင်း ကြေညာခဲ့ပါသည်။

 

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့တွင် “အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း” အား ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီမှ အတွင်းရေးမှူး ဦးတင်မောင်ဦးက တင်သွင်းခဲ့ရာ အဆိုပါ ဥပဒေကြမ်းအား ဥပဒေကြမ်းကော်မတီမှ ဖတ်ကြားရှင်းလင်းခဲ့ပါသည်။ ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်မှ လက်ခံဆွေးနွေးရန် အတည်ပြုခဲ့ပြီး ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များအား ၈-၈-၂၀၁၃ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ ခဲ့ပါသည်။

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အောက်ဖေါ်ပြပါ ကိုယ်စားလှယ်များအား သက်ဆိုရာ ကော်မတီ အသီးသီးသို့ ပြောင်းလွှဲ တာဝန်ပေးအပ် လိုက်သည်။

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် ၂၇ ရက်မြောက်နေ့ အစည်းအဝေးတွင် မူဆယ်မဲဆန္ဒနယ်မှ ဦးစိုင်းဘိုးအောင်အား နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာကော်မတီ အဖွဲ့ဝင်အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်းနှင့်

ပြည်သူ့လွှတ်တော်မှ (၅-၉-၂၀၁၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ၏ အမည်အား တိုင်းရင်းသားရေးရာ၊ ကျေးလက် လူမှုဘဝ မြှင့်တင်ရေး ရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ ဟု ပြင်ဆင် သတ်မှတ်ပြီး၊ ၎င်းနေ့ရက်တွင် စတင်ဖွဲ့စည်းခဲ့သော အောက်ပါကော်မတီများကိုလည်း  သက်တမ်း တစ်နှစ် ပြည့်မြောက်သောနေ့၏ နောက် တစ်ရက်ဖြစ်သော ၅-၉-၂၀၁၃ ရက်နေ့မှစ၍ နောက်ထပ် တစ်နှစ်တိုးမြှင့် သတ်မှတ်လိုက်သည်။

နေပြည်တော်၊ သြဂုတ် ၂၆

ပြည်သူလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့၊ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ဂျပန်အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ Mr.Katsuyuki KAWAI ဦးဆောင်သည့် အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ယနေ့ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ သတ္တမပုံမှန်အစည်းအဝေး ၂၂ရက်မြောက်နေ့ (၁၉.၈.၂၀၁၃) တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပန်ကြားချက် အမှတ်စဉ် (၂/ ၂၀၁၃) အား ကြေငြာခဲ့ပါသည်။

နေပြည်တော်၊ သြဂုတ် ၁၅

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်သည့် ကော်မတီ၊ ကော်မရှင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

Pages