Law Database | Mail | English Version

June 2013

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပြီး ကောင်းကျိုးလိုရာ ပြည့်စုံ ကြပါစေ။

မိမိတို့လွှတ်တော်ရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် တာဝန် ရှိသော ဥပဒေပြုရေးနှင့် အပြန်အလှန် ထိန်းကျောင်းရေးတို့ကို လက်တွေ့ကျကျ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ကြပါစေ။

ပထမအကြိမ်ပြည်သူလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပထအနေ့ကို ၂၀၁၃ ခုနှစ် ဇွန်လ ၂၅ ရက် နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပခဲ့ပါသည်။

အပြည့်အစုံသိရှိလိုပါက

နေပြည်တော် - ဇွန် ၂၃ 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင် (နိုင်ငံခြားရေးရာအကြီးအကဲ) မစ္စတာ ရန်ကျဲချိ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညနေ(၄)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော် ဇွန်လ ၁၉

The Asia Foundation , Myanmar မှ Lawyer and Country Representative ဖြစ်သူ Mr. Kim McQuay နှင့် Law and Justice Program မှ Ms.Kirsten Bishop တို့နှစ်ဦးအား ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မြင့်ဖေ တို့မှ ၁၉-၆-၂၀၁၃ (ဗုဒ္ဓဟူးနေ့) နံနက် (၁၀:၀၀) နာရီ အချိန်တွင် ကော်မတီရေးရာဆောင် အမှတ် (I-1)၊ ပြည်သူ့လွှတ်တော်ဝင်းအတွင်း၌ လက်ခံတွေ့ဆုံပါသည်။

နေပြည်တော် ဇွန် ၁၂

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား မြန်မာ-ထိုင်းပါလီမန် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr.Alongkorn Ponlaboot ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်သူ့လွှတ်တော်ကော်မတီဆောင် အမှတ် (၁) ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။

နေပြည်တော်၊ ဇွန် ၅

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင် စင်္ကာပူသမ္မတနိုင်ငံ၊ ဂုဏ်ထူးဆောင်ဝါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်တောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ဇွန် ၎

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ယနေ့နံနက် ၁၀ နာရီတွင် ကိုရီးယား သမ္မတနိုင်ငံ၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Lim Kwan-Bin ဦးဆောင်သည့် အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော် - ဇွန် ၎

ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးလွန်းသီနှင့် အဖွဲ့သည် သြစတြေးလျနိုင်ငံ၊ Woodside Energy Ltd. မှအမှုဆောင်အရာရှိချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူး ဖြစ်သူ Mr. Peter Coleman အား ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက် အင်္ဂါနေ့ မွန်းလွဲ ၃း၃၀ နာရီအချိန်တွင် နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ ရေးရာအဆောင် အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

နေပြည်တော်၊ ဇွန် ၃

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ယနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် General Sir David Richard ဦးဆောင်သည့်အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ဇွန် ၃

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ယနေ့နံနက် ၁၀ နာရီတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း National Democratic Institute(NDI) ဥက္ကဋ္ဌ Ms. Madeleine Albright ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

Pages