Law Database | Mail | English Version

May 2013

သူရဦးရွှေမန်း, H.E. Mr. Alex G. Chua

နေပြည်တော် - မေ ၃၀

          ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Alex G. Chua အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဦးလွန်းသီ, ဦးသူရိန်ဇော်

နေပြည်တော် မတ် ၂၉     ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးလွန်းသီ၊ ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်နှင့် အဖွဲ့တို့အား နော်ဝေနိုင်ငံ၊ လောင်စာဆီဖွံ့ဖြိုးတိုးတက်မှု ပရိုဂရမ်ဆိုင်ရာအဖွဲ့အား ၂၀၁၃ခုနှစ်၊ မေလ ၂၉ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀း၃၀)နာရီ အချိန်တွင် နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ ရေးရာအဆောင် အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ

နေပြည်တော်   မေ   ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား အပြည်ပြည် ဆိုင်ရာ ဥပဒေအကြံပေးအဖွဲ့ (International Commission of Jurists-ICJ)

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း

နေပြည်တော် - မေ ၂၂

          ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဆွစ်ဇာလန်နိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ H.E Mr. Filippo Lombardi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ဇမ္ဗူသီရိခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမအထူးအစည်းအ‌ဝေးကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအ‌ဝေးခန်းမ၌ ၂၀၁၃ ခုနှစ်၊ မေလ ၂၀ ရက် (တနင်္လာနေ့) ၁၀းဝ၀ နာရီအချိန်တွင် စတင် ကျင်းပရန်ခေါ်ယူထားရာ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်စာများကို လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့ထားပါသည်။