Law Database | Mail | English Version

July 2012

         ဟုမ္မလင်းမဲဆန္ဒနယ်မှ ဦးအေးမှ ဆွေးနွေးရာ “ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေပါ ပုဒ်မတွေကိုတော့ ဒေါ်ဒွဲဘူက တိတိကျကျ၊ ကျကျနန ရှင်းလင်းပြသွားတဲ့အတွက် အချိန်ကိုငဲ့ညှာသောအားဖြင့် ကျွန်တော်မတင်ပြတော့ဘဲနဲ့ ကျွန်တော်တို့ တိုင်းလိုင် (ခေါ်) တိုင်းနိုင်း လူမျိုးတွေရဲ့ အ‌ခြေအနေကိုပဲ ကျွန်တော် ဆက်လက်တင်ပြသွားပါမယ်။ ကျွန်တော်တို့ တိုင်းနိုင်းရှမ်း တိုင်းရင်းသားတွေဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ဟုမ္မလင်း၊ ခန္တီး၊ ဗန်းမောက်၊ ဖောင်းပြင်၊ မော်လိုက်၊ ပင်လယ်ဘူး၊ ဝန်းသိုစတဲ့ မြို့နယ်များမှာ ယနေ့အချိန်အထိ ရှမ်းတိုင်းရင်းသား အဖြစ်ခံ ယူထားတဲ့ ရှမ်းတိုင်းရင်းသားပေါင်း ၂ သိန်းကျော်မျှရှိပါတယ်။ လူဦးရေ ၁၇၀၀၀၀ ကျော်ရှိတဲ့အ

             ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာတလဲမ်း၊ ထန်တလန် မဲဆန္ဒနယ်မှ ဆွေးနွေးရာ ဦးတီခွန်မြတ်၏ အဆိုကို မိမိမှ ထောက်ခံဆွေးနွေးလိုကြောင်း၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရယူရန် တိုင်းရင်းသားများစည်းရုံးတဲ့အချိန်မှာ အုပ်ချုပ်ရေးများ ကိုယ်တိုင်စီရင် ပိုင်ခွင့်ပေးမည်၊ တန်းတူညီတူ အခွင့်အရေးခံစားမည်ဆိုတဲ့ ကတိပေးသောကြောင့် လွတ်လပ်ရေးအတွက် တိုင်းရင်းသားခေါင်းဆောင်များ အားလုံးပူးပေါင်းပြီး လက်မှတ်ရေးထိုးခြင်း ဖြစ်ပေမယ့် အခုအချိန်ထိ တိုင်းရင်းသားများမှာ တန်းတူညီမျှခွင့် မရသေးလို့ ခံစားရပါတယ်။ လွတ်လပ်ရေး အကျိုးအမြတ် မခံစားရသေးပါဘူးရှင့်။ ချင်းတိုင်းရင်းသားများဟာ ဒေသမှာ သယံဇာတ ဘာမှ

ပြည်သူ့လွှတ်တော် အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် အစည်းအဝေး အစီအစဉ် ၆ အရ (၁၁.၇.၂၀၁၂)နေ့က ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် ဆဌမနေ့အစည်းအဝေးမှာ တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဦးအောင်သိန်းလင်း တင်သွင်းထားတဲ့ တောင်သူ လယ်သမားများ အများဆုံး ကြုံတွေ့နေရတဲ့ မြွေကိုက်ခံရခြင်းအတွက် လိုအပ်သည့်‌ မြွေဆိပ်ဖြေဆေးများကို နိုင်ငံပိုင်ဆေးဝါး ထုတ်လုပ်ရေး စက်ရုံမှ လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးရန် အဆိုနှင့်စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြပါသည်။

         ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ချက်သမ္မတနိုင်ငံ ပထမဒုတိယ၀န်ကြီးချုပ်နှင့်င်ငံခြားရေးဝန်ကြီး H.E Mr.Karel Schwarzenberg ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဇမ္ဗူသီရိအဆောင် ဧည့်ခန်းမ၌ တွေ့ဆုံကြသည်။

ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဥပဒေကြမ်းတစ်ခု ပေးပို့ထားပါတယ်။ ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၁၅၁ နည်းဥပဒေခွဲ (ခ) အရ မတရားအသင်းများအက်ဥပဒေ  (၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ-၁၄) ကို ရုပ်သိမ်းသည့်ဥပဒေကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် အဆို တင်သွင်းဖို့ ဦးသိန်းညွန့်အားဖိတ်ခေါ်ပါတယ်။

            ပြည်သူ့လွှတ်တော်အစည်း နဝမနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းမှ ပြောကြားရာ ၁၃.၇. ၂၀၁၂ ရက်နေ့၌ ကွန်ဟိန်းမဲဆန္ဒနယ်မှ ရှမ်းတိုင်းရင်းသူ ဒေါ်နန်းဝါနု၏ အရေးကြီးအဆိုတင်သွင်းမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

         ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနှင့် ယနေ့ နံနက် (၁၀း၃၀) အချိန်တွင် နေပြည်တော် လွှတ်တော်ရုံး၊

     ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်၊ ပထမအကြိမ်ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ကွန်ဟိန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု က ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ အရ အရေးကြီးကိစ္စတစ်ရပ်ကို ဆွေးနွေးရန် ပြည်သူ့ လွှတ်တော်ဥက္ကဌ ထံသို့ စာဖြင့်ရေးသားပြီး အဆို

ဒီနေ့ ကွန်ဟိန်း မဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု အရေးကြီး အဆိုတစ်ရပ်တင်သွင်းပါတယ်။ သူ့ရဲ့ ကိုးကားချက် ကတော့ ပြည်သူ့လွှတ်တော် နည်းဥပဒေ ပုဒ်မ နည်းဥပဒေ ၁၃၃ အရ ဖြစ်ပါတယ်။ ဒီလိုတင်သွင်းတဲ့ အခါမှာ တင်သွင်းတိုင်းကော၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အခွင့်အရေး တောင်းခံပြီးတော့ တင်သွင်းတိုင်းကော ခွင့်ပြုမလား ခွင့်မပြုဘူးလားဆိုတာ လွှတ်တော်ဥက္ကဋ္ဌရဲ့ အဆုံးအဖြတ်ပဲဖြစ်ပါတယ်။

  လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌ၊ပြည်သူ့ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များရှင်--မင်္ဂလာပါလို့နုတ်ခွန်းဆက်သလိုက်ပါတယ်။ကျမကတော့ရှမ်းပြည်နယ်၊ကွန်ဟိန်းမဲဆန္ဒနယ်က ရှမ်းတိုင်းရင်းသူ၊ ဒေါ်နန်းဝါနု ဖြစ်ပါတယ်ရှင်။ မြန်မာပြည်သူပြည်သားများနှင့် တိုင်းရင်းသားများတို့ရဲ့ အကျိုးစီးပွားအတွက် ကျွန်မက ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ -၁၃၃ အရ အရေးကြီးအဆိုကို တင်သွင်းသွားမှာ ဖြစ်ပါတယ် ရှင်။

အဆိုမှာ-

Pages