Law Database | Mail | English Version

July 2012

      လေးစားအပ်တဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တက်ရောက်လာကြတဲ့ ပုဂ္ဂိုလ်များအားလုံးမင်္ဂလာပါလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ (Good Governance) ကောင်းမွန်သောအုပ်ချုပ်ရေး၊ (Clean Government) သန့်ရှင်းသောအစိုးရဖြစ်ပေါ်စေရေး အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူ များသည် ၄င်းတို့ရဲ့ရွှွေ့ပောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်အ

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ အားလုံးကို မင်္ဂလာပါလို့နှုတ်ခွန်းဆက်သရင်း ဂါရဝပြုပါတယ်။

             လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့်တကွ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးဧည့်သည်တော်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ခင်ဗျား။  ပြည်ထောင်စုရဲ့ အကျိုးကို ကိုယ်စိတ်နှစ်ပါး ရွှင်လန်းကျန်းမာစွာနဲ့ ထမ်းဆောင်ရွက်နိုင်ပါ ကြောင်း တောင်းဆုပြု၍ နှုတ်ခွန်းဆက်လိုက်ပါတယ်။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ ဖြစ်ပါတယ်။ ကျွန်တော် ဆွေးနွေးမှာကတော့ ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်ရဲ့ တိုင်းရင်း သားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေးကို ထောက်ခံဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ ဒီ

            လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် တိုင်းရင်းသားညီအစ်ကို မောင်နှမ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အပေါင်းတို့ ခင်ဗျား။ ကျွန်တော် ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဦးကျော်သီဟ ဖြစ်ပါတယ်။ ကျွန်တော် ဦးတီခွန်မြတ်၊ ကွတ်ခိုင်မဲဆန္ဒနယ်က အဆိုတင်သွင်းတဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့်ဥပဒေပြဋ္ဌာန်းရေး အဆိုကို ထောက်ခံဆွေးနွေးမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အပေါင်းတို့ခင်ဗျား။ နိုင်ငံတိုင်း မှာ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေ ရှိကြပါတယ်။ အလုပ်သမားလူတန်းစားအတွက်လည်း အလုပ်သမားလူတန်းစား၊ အလ

       လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မင်္ဂလာအပေါင်းနှင့်‌ခညောင်းကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသ ကြီး၊ မဟာအောင်မြေ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်ဖြစ်ပါတယ်။ ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်တင်သွင်းထားတဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်‌အရေးကို ကာကွယ်သော ဥပဒေပြဋ္ဌာန်းရေးအဆိုကိုထောက်ခံရင်း အကြံပြုဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌ ကြီးခင်ဗျား။ ကျွန်တော်တို့ နိုင်ငံဟာလွတ်လပ်သောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဖြစ်ဖို့အတွက် ပင်လုံစိတ်ဓာတ်က သန္ဓေတည်ခဲ့တာ ဖြစ်ပါ

             ကျွန်မအနေနဲ့ ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဆိုနဲ့ ပတ်သက်လို့ အနည်းငယ်ဆွေးနွေးချင်ပါတယ်။ အခု ဖွဲ့စည်းပုံ အခြေခံဥပထေဲမှာဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုး များဆိုတဲ့ ဝေါဟာရကို သတ်သတ်မှတ်မှတ် အဓိပ္ပါယ်ဖော်ထားတာ မရှိပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေမှာဆိုလို့ရှိရင်တော့ တိုင်းရင်းသားဆိုတာ ၁၈၂၃ ခုနှစ်က စပြီး ဒီမိခင်နိုင်ငံမှာ နေထိုင်တဲ့ လူမျိုးများကိုဆိုလိုတာလို့ အဓိပ္ပါယ်ဖော်ထားပါတယ်။ အဲဒီအထဲမှာ ဗမာတွေလဲ ပါပါတယ်။ အခု ဆွေးနွေးချက်တွေအရ ဆိုလို့ရှိရင် ပြည်နယ်တွေကို အခြေခံတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးတွေကို ရည်ညွှန်းပြီးတော့ ပြော

ဒေါ်ခင်စောဝေ (ရသေ့တောင်မဲဆန္ဒနယ်)၏ ဆွေးနွေးချက်-

 ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဌကြီးမှ အစည်းအဝေးသတ္တမနေ့မှာ ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်တင်သွင်း ထားတဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေး အဆိုနှင့်စပ်လျဉ်းပြီး ဆွေးနွေးလိုကြောင်း လွှတ်တော်ကိုယ်စားလှယ် ၂၇ ဦးက အမည်စာရင်း တင်သွင်းထားပြီး ယနေ့မှာတော့ ၆ ဦးသာဆွေးနွေးဖို့လျာထားကြောင်းနှင့် ဦးစွာ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ဒေါ်ဒွဲဘူကို ဆွေးနွေးဖို့ဖိတ်ခေါ်ပါသည်။ ဒေါ်ဒွဲဘူမှ ဆွေးနွေးရာတွင်-

         ဦးရှိသီး၊ လေရှီးမဲဆန္ဒနယ်မှ “၁၁-၇-၂၀၁၂ ရက်နေ့ ပထမ အကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး သတ္တမနေ့အစည်းအဝေးမှာ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ် အဆိုတင်သွင်းသွား တဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေရေးဆွဲပြဋ္ဌာန်းရေးကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး စဉ်းစားချင့်ချိန်နိုင်ရန်အတွက် တင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ဥပဒေ အကိုးအကား စာသားမှန်ကန်မှုရှိစေရန် အတွက် ဖတ်ကြားတင်သွင်း ရှင်းလင်းခွင့်ပြုပါရန် တင်ပြအပ် ပါ

Pages