Law Database | Mail | English Version

March 2011

ဥက္ကဋ္ဌ။           ။ ရှင်းလင်းပြောကြားပေးတဲ့ ဝန်ကြီးကို ကျေးဇူးတင်ပါတယ်။ အခွန်ဘဏ္ဍာရှိမှပဲ မ‌နေ့က တင်ပြကြတဲ့ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ တင်ပြခဲ့ကြတဲ့ ပင်စင်လစာများတိုးပေးရေး၊ ဝန်ထမ်းလစာ၊ လုပ်အားခများ တိုးပေးရေးစသည့်လိုအပ်ချက်များကို ဖြည့်တင်းပေး နိုင်မှာဖြစ်ပါတယ်။ မနက်က နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီးရှင်းလင်းတဲ့ နေရာမှာ ဝန်ကြီးဌာနအနေနဲ့နယ်စပ်ဒေသများ တိုးတက်ဖွံ့ဖြိုးဖို့အတွက် ကျွန်တော်မှတ်လိုက်တာ ကတော့ ဘီလီယံပေါင်း ၃၄၄ ဘီလီယံ သုံးစွဲခဲ့ကြောင်း မှတ်လိုက်ရပါတယ်။ နိုင်ငံတော်ကြီးနဲ့ ကြည့်မယ်ဆိုရင်တော့ တော်တော်များပါတယ်။ တော်တော့်ကို